မေ ၉၊ ၂၀၂၀
M-Media
-Apple ကုမ္ပဏီဟာ သူတို့ရဲ့ နာမည်ကျော် AirPods နားကြပ်တွေကို ဗီယက်နမ်နိုင်ငံမှာ ထုတ်လုပ်သွားတော့မယ်လို့ သိရပါတယ်။
ကိုရိုနာကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုတွေ ဖြစ်နေတဲ့အချိန် ထုတ်ကုန်တွေကို တရုတ်နိုင်ငံပြင်ပ ရွှေ့ပြောင်းဖို့အတွက် Apple ရဲ့ ကြိုးပမ်းမှုတစ်ခုပါ။
AirPods တွေကို မတ်လ အစောပိုင်းလောက်ကတည်းက ဗီယက်နမ်နိုင်ငံမှာပြောင်းရွှေ့ထုတ်လုပ်နေတာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ် ထုတ်လုပ်မှုပမာဏရဲ့ စုစုပေါင်း ၃၀ ရာခိုင်နှုန်း (၃ သန်းကနေ ၄ သန်းကြား) လောက်အထိ ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။
ဗီယက်အနမ်အစိုးရဟာ Apple ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ ပညာရှင်တွေကို အထူးပါမစ်တွေ ထုတ်ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ချောမွေ့အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
AirPods ပမာဏာ အများစုနဲ့ AirPods Pro တို့ကိုတော့ တရုတ်နိုင်ငံမှာပဲ ဆက်လက်ထုတ်လုပ်သွားမှာပါ။
ပြီးခဲ့တဲ့နှစ်အတွင်း AirPods အလုံးရေ ၆၅ သန်းလောက် ရောင်းခဲ့ရပေမယ့် အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ရောင်းအား ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။
Ref: Nikkei Asian
Comments