မေ ၁၄၊ ၂၀၂၀
M-Media
-အစ္စလာမ်ဘာသာမှာ အမြင့်မြတ်ဆုံး ဝတ်ပြုရာနေရာအဖြစ် သတ်မှတ်ထားတဲ့ မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရဝုဏ် တတိယအကြိမ်မြောက် တိုးချဲ့ရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့အတွက် ဆော်ဒီအစိုးရက ခွင့်ပြုချက် ထုတ်ပေးလိုက်ပါတယ်။
အခု တိုးချဲ့ရေးလုပ်ငန်းမှာ အဝင်အထွက်ဂိတ်ပေါက်နဲ့ မျက်နှာကြက်ထည့်သွင်းရေး၊ ဗိသုကာလက်ရာမြောက် မုခ်ဦး တည်ဆောက်ရေး၊ ဝတ်ပြုရာရင်ပြင် တိုးချဲ့ရေးနဲ့ အခြားလုပ်ငန်းတွေ ပါဝင်မှာပါ။
ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ရွေ့လျားသွားလာမှု ကန့်သတ်ထားတဲ့အတွက် ဝတ်ပြုသူတွေ ဘုရားဖူးတွေ မရှိချိန် တို့ချဲ့ရေးလုပ်ငန်းတွေကို စနစ်တကျ၊ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရေးအတွက် မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် နှစ်လုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ မနေ့က စည်းဝေးဆွေးနွေးခဲ့ကြပါတယ်။
စီမံကိန်းတွေ ပြီးစီးရေး၊ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ထဲကို ဝင်ရောက်သူတွေအားလုံး အဆင်ပြေချော့မွေ့စေရေး၊ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ရေး အစိုးရက တိုက်တွန်းထားတယ်လို့လည့် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြောကြားခဲ့ပါတယ်။
Ref: Saudi Gazette
Comments