မေ ၁၈၊ ၂၀၂၀
M-Media
-Covid-19 ကာကွယ်ဆေးရရှိရေး တစ်ကမ္ဘာလုံးက ကြိုးပမ်းအားထုတ်နေကြပေမယ့် အောင်မြင်လာမှာမဟုတ်ဘူးလို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။
ဂျွန်ဆင်ဟာ ကိုရိုနာကူးစက်မှုကြောင့် ပြီးခဲ့တဲ့လက ဆေးရုံမှာ ကုသမှုခံခဲ့ရပါတယ်။
ယူကေပြည်တွင်းသတင်းစာ The Mail မှာ မနေ့ကရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ ကာကွယ်ဆေးရရှိရေးခရီးဟာ ကြာညောင်းနေအုံးမှာဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် အောင်မြင်မှာ မဟုတ်ဘူးလို့ ရေးသားခဲ့ပါတယ်။
“ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် နည်းလမ်းသစ်တွေ ရှာဖွေဖို့ လိုအပ်ပါတယ်”
ယူကေအစိုးရဟာ ကာကွယ်ဆေး ဖန်တီးထုတ်လုပ်ရေးစင်တာသစ်တစ်ခု ဖွင့်လှစ်ဖို့အတွက် ပေါင် ၉၃ သန်း ထောက်ပံ့ပေးထားပြီး ကူးစက်သူတွေ အလျင်အမြန်သက်သာနိုင်ရေး ကုသရေးနည်းလမ်းတွေ သုတေသနပြု ဖော်ထုတ်ဖို့အတွက်လည်း ထောက်ပံ့ပေးနေတယ်လို့ ဆောင်းပါးမှာ ထည့်သွင်း ရေးသားခဲ့ပါတယ်။
အောက်စဖိုဒ့်တက္ကသိုလ်နဲ့ လန်ဒန် အင်ပီရီယဲလ်ကောလိပ်တို့လို ကိုရိုနာကာကွယ်ဆေး ထုတ်လုပ်ရေး သုတေသနမှာ ရှေ့တန်းရောက်နေတဲ့ အဖွဲ့အစည်း ၂ ခု ယူကေမှာ ရှိနေပေမယ့် ဆေးထုတ်လုပ်နိုင်မလားဆိုတာ မသေချာဘူးလို့ ယူကေ စီးပွားရေးဝန်ကြီး အလော့က် ရှရ်မာက ပြောကြားခဲ့ပါတယ်။
“အောင်မြင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး မတွေ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်”
Ref: Aljazeera
Comments