မေ ၂၇၊ ၂၀၂၀
M-Media
-Covid-19 ပြန့်နှံ့မှုကြောင့် ဆောင်ရွက်ထားရတဲ့ ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို ဆော်ဒီအာရေဗျက လျော့ခဖို့ ပြင်ဆင်နေပြီး မြင့်မြတ်ရာ နေရာတွေတည်ရှိတဲ့ မက္ကာမြို့ကိုတော့ ဆက်လက် ပိတ်ထားမှာ ဖြစ်ပါတယ်။
ကန့်သတ်မှုလျော့ချရေး ပထမအဆင့်ကို မေလ ၂၈ ရက် ကြာသာပတေးနေ့မှာ စတင်မှာဖြစ်ပါတယ်။ ဒီအဆင့်မှာ ၂၄ နရီ ကာဗျူးထုတ်ပြန်ထားမှုကို မနက် ၃ နာရီကနေ ၆ နာရီအထိ လျော့ချပေးမှာ ဖြစ်ပါတယ်။
မေလ ၃၁ ရက်နေ့စတင်ပြီး ပြည်တွင်းခရီးသွားမှု၊ ဗလီဝတ်ကျောင်းတော်တွေမှာဝတ်ပြုမှု၊ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်မှုတွေကို ပြန်လည်ခွင့်ပြုပေးမှာပါ။ မက္ကာမြို့မှာ ၂၄ နာရီ ကာဖျူးထုတ်ပြန်ထားမှုကတော့ ဆက်လက်ရှိနေမှာဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့မှ လျော့ချဖို့ စီစဉ်ထားပါတယ်။
ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်သန်းချီ လာရောက်ကြတဲ့ ဟဂျ်နဲ့ အွမ္မရာဟ် ဘုရားဖူးခရီးစဉ်တွေကိုတော့ ဆက်လက်ပိတ်ထားမှာဖြစ်ပါတယ်။
ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို လျော့ချပေးပေမယ့် တစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၁ မီတာခွာရမယ့် social distancing လမ်းညွှန်ချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။ လူ ၅၀ ထက်ပိုစုတာကို ဆော်ဒီအာဏာပိုင်တွေက ဆက်လက်ပိတ်ပင်ထားပါတယ်။
လက်လီ၊ လက်ကားဆိုင်တွေ၊ စျေးဝယ်စင်တာတွေ၊ ကော်ဖီဆိုင်တွေအပါအဝင် တစ်ချို့စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်။
ဆော်ဒီဟာ ရွေ့လျားသွားလာမှုကန့်သတ်မိန့်ကို မတ်လအစောပိုင်းလောက်ကတည်းက နိုင်ငံရဲ့ ဒေသတစ်ချို့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မြင့်မြတ်ရာနေရာတွေတည်ရှိတဲ့ မက္ကာနဲ့ မဒီနာမြို့တွေအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ ကန့်သတ်မှုတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
Ref: Aljazeera
Comments