ဇွန် ၁၁၊ ၂၀၂၀
M-Media

-တမန်တော် မုဟမ္မဒ် ဆောက်လုပ်ခဲ့တဲ့ မဒီနာက ‘မတ်စ်ဂျစ်ဒ် နဗဝီ’ ဗလီဝတ်ကျောင်းတော် အဆင့်မြှင့်တင်ရေးလုပ်ငန်း လုပ်ဆောင်ဖို့အတွက် ဆော်ဒီဘုရင် ဆလ်မန်က အတည်ပြုလိုက်ပါတယ်။
မတ်စ်ဂျစ်ဒ် နဗဝီ ဗလီဝတ်ကျောင်းတော်ဟာ အစ္စလာမ်သာသနာမှာ ဒုတိယအမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်ပါတယ်။
အခုစီမံကိန်းသစ်မှာ ဗလီနဲ့ ဗလီပရဝုဏ်အတွင်းက အသံစနစ်၊ လျှပ်စစ်စနစ်တွေနဲ့ အခြားအစိတ်အပိုင်း အဆင့်မြှင့်တင်တာတွေ ပါဝင်မှာဖြစ်ပါတယ်။ မဒီနာမြို့ အုပ်ချုပ်ရေးမှူးက အခု အဆင့်မြှင့်တင်မယ့် လုပ်ငန်းမှာ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုသွားမယ်လို့ Twitter စာမျက်နှာ ရေးသားခဲ့ပါတယ်။
Ref: Saudigazeete
Comments