ဇွန် ၁၄၊ ၂၀၂၀
M-Media

-ဘောလီးဝုဒ် ရုပ်ရှင်လောကက နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဆူရှန့် ဆင်း ရာဂျ်ပွတ်ဟာ မိမိကိုယ်ကို သတ်သေသွားခဲ့တယ်လို့ မွမ်ဘိုင်းရဲတပ်ဖွဲ့က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဆူရှန့်ကို မွမ်ဘိုင်းမြို့က သူ့နေအိမ်မှာ ကြိုးဆွဲချသေဆုံးလျက်တွေ့ခဲ့ရတာပါ။
ဆူရှန့်ရဲ့အဖွဲ့က ကွယ်လွန်ကြောင်း အတည်ပြုခဲ့ပြီး ပရိတ်သတ်တွေအနေနဲ့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ေအာက်မေ့သတိရကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဆူရှန့်ရဲ့ မန်နေဂျာဟောင်း ဒီရှာ ဆာလီယန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီး ဒီအတွက် ကြေကွဲဝမ်းနည်းရတယ်လို့ ဆူရှန့်က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
အခုလို ဆူရှန့်ကွယ်လွန်မှုအတွက် ဘောလီးဝုဒ် ရုပ်ရှင်အသိုင်းအဝိုင်းကလူတွေ၊ ပရိတ်သတ်တွေက ဝမ်းနည်းကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားနေကြပါတယ်။
ဆူရှန့်ရဲ့ ပထမဆုံး ရုပ်ရှင်ဟာ ၂၀၁၄ ခုနှစ်မှာ ရုံတင်တဲ့ Kai Po Che ဇာတ်ကားဖြစ်ပြီး၊ PK၊ Kedarnath၊ Shudh Desi Romance နဲ့ MS Dhoni: The Untold Journey ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
အိန္ဒိယခရစ်ကတ်အသင်းခေါင်းဆောင် မာဟန်ဒရာဆင်း ဒိုနီအကြောင်း ရိုက်ကူးထားပြီး ရာဂျ်ပွတ်က ဒိုနီနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ MS Dhoni: The Untold Journey ဇာတ်ကားဟာ ၂၀၁၆ ခုနှစ် ဘောလီးဝုဒ်ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ရာဂျ်ပွတ်ဟာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်တာအပြင် အနုပညာလုပ်ငန်း အများအပြားကို လုပ်ဆောင်ခဲ့ပါတယ်။
Ref: Hindustan Times
Comments