ဇွန် ၂၀၊ ၂၀၂၀
M-Media
-ကိုဗစ်ကြောင့် မက္ကာမြို့မှာ ပိတ်ထားရတဲ့ဗလီတွေအားလုံးကို ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ဖွင့်ပေးတော့မယ်လို့ ဆော်ဒီအာရေဗျက မနေ့မှာ ကြေငြာလိုက်ပါတယ်။
Covid-19 ပြန့်နှံ့မှုကြောင့် မတ်လကစလို့ ဝတ်ပြုရာနေရာတွေပိတ်တာ၊ လူစုလူဝေးတားမြစ်တာကို ဆော်ဒီက နိုင်ငံတစ်ဝှမ်းမှာ လုပ်ဆောင်ခဲ့တာပါ။ မေလနှောင်းပိုင်းမှာတော့ မက္ကာမြို့ကလွဲလို့ ကျန်ဒေသတွေက ဗလီတွေကို အာဏာပိုင်တွေက ပြန်ဖွင့်ခွင့် ပေးခဲ့ပါတယ်။
မက္ကာဟာ အစ္စလာမ်ဘာသာရဲ့ အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော် ‘မတ်စ်ဂျစ်ဒ်ဟရမ်’ ရှိရာ မြို့လည်း ဖြစ်ပါတယ်။
မြို့တွင်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၀၀ လောက်ကို ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်တွေနဲ့ ဇွန်လ ၂၁ ရက်နေ့က စတင်ကာ ဖွင့်ပေးတော့မယ်လို့ ဆော်ဒီ နိုင်ငံပိုင်သတင်းဌာနက မနေ့မှာ ကြေငြာခဲ့ပါတယ်။
အာဏာပိုင်တွေက ဗလီတွေကို သန့်ရှင်းတာ၊ ပိုးသတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဝတ်ပြုသူတွေဟာ ဝတ်ပြုဖို့အခင်းတွေကို ကိုယ်တိုင်ယူလာရမှာဖြစ်သလို၊ ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းတွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။
ဆော်ဒီမှာ Covid-19 ကူးစက်သူအရေအတွက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာပြီး မြို့တော်ဂျစ်ဒါမှာ ကန့်သတ်မှုတွေ ပြန်လည်ပြုလုပ်ထားရပါတယ်။
Ref: Alarabiya
Comments