ဇွန် ၂၅၊ ၂၀၂၀
M-Media
-နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သိသိသာသာ မြင့်တက်လာတာကြောင့် ထပ်တိုးလာတဲ့ ကုသရေးစင်တာတွေမှာ ကူညီစီမံပေးဖို့ အိန္ဒိယအစိုးရက စစ်တပ်ကို ပန်ကြားလိုက်ပါတယ်။
မနေ့ကတစ်နေ့တည်း ကူးစက်သူ ၁၆၀၀၀ လောက် ရှိခဲ့တာဖြစ်ပြီး စုစုပေါင်းကူးစက်သူအရေအတွက ၄၅၆၀၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်၊ ဘရာဇီးလ်နဲ့ ရုရှားတို့ပြီးနောက် ကိုဗစ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာတာပါ။
ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို မတ်လမှာ ထုတ်ပြန်ခဲ့ပေမယ့် ပြီးခဲ့တဲ့လကစလို့ တစ်ဖြည်းဖြည်း ပြန်လည်ရုပ်သိမ်းခဲ့ပြီး ကူးစက်မှုတွေလည်း မြင့်တက်လာခဲ့တာပါ။
လူဦးရေ သန်း ၂၀ လောက်ရှိတဲ့ မြို့တော်ဒေလီဟာ ကူးစက်မှုအချက်အခြာနေရာဖြစ်နေပြီး ဆေးရုံတွေ မလုံလောက်တာကြောင့် ဝတ်ပြုရာနေရာတွေ၊ ရထားတွဲတွေကိုပါ သီးခြားခွဲထားရေး၊ စောင့်ကြည့်ကုသရေး နေရာအဖြစ် လုပ်ဆောင်ထားရပါတယ်။
ပြည်ထဲရေးဝန်ကြီး အေမစ်ရှားက Covid-19 ကာကွယ်ကုသရေးမှာ ပါဝင်လုပ်ဆောင်ပေးဖို့အတွက် စစ်တပ်ကို အသေးစိတ်အချက်အလက်တွေ ပေးထားတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
ဇူလိုင်လကုန်မှာ ကူးစက်သူအရေအတွက်ဟာ ၅ သိန်း ၅ သောင်းလောက် ရှိလာလိမ့်မယ်လို့လည်း ဒေလီအစိုးရက ခန့်မှန်းထားပါတယ်။
Ref: CNA
Comments