ဇူလိုင် ၂၊ ၂၀၂၀
M-Media
-အာဖရိကတောင်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ ဘော့စ်ဝါနာမှာ ပြီးခဲ့တဲ့ ၃ လအတွင်း ဆင်ကောင်ရေ ၃၆၀ ကျော်လောက် ထူးဆန်းစွာ သေဆုံးခဲ့ပါတယ်။
တိရစ္ဆာန်တွေ ရေဆင်းသောက်လေ့ရှိတဲ့ ရေအိုင်ငယ်လေးတွေဘေးမှာ ဆင်တွေ အုပ်လိုက် သေဆုံးနေတာကို မေလကမှာ စတွေ့ရတာပါ။ ဆင်တွေသေတဲ့ ဒေသတစ်ဝိုက်က တောရိုင်းတိရစ္ဆာန်တွေမှာလည်း နေမကောင်းဖြစ်နေတဲ့ လက္ခဏာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
အစိုးရကတော့ သေဆုံးနေတဲ့ ဆင်တွေကို စစ်ဆေးနေပြီး ဘာ့ကြောင့် သေဆုံးရလဲဆိုတာ မသိရသေးပါဘူး။
ဘော့စ်ဝါနာမှာ အာဖရိကဆင် ၁၃၀၀၀၀ လောက်ရှိပြီး အာဖရိကတိုက်မှာ ပမာဏအများဆုံးပါ။ အခု ဆင်တွေ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ အိုကာဗန်ဂို ဒေသဟာ ဆင် စုစုပေါင်းပမာဏရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိရာဒေသ ဖြစ်ပါတယ်။
ဆစ်ပစ်တာကို ၂၀၁၄ ခုနှစ်မှာ ဘော့ဝါနာက ပိတ်ပင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ပြန်လည်ခွင့်ပြုခဲ့ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ်။
ယူကေအခြေစိုက် တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ National Park Rescue ရဲ့ ဒါရိုက်တာဖြစ်သူ နီအဲလ် မက်ကန်က ဆင်တွေမှာ တွယ်ကပ်တဲ့ ကပ်ပါးပိုးကြောင့်အပါအဝင် အကြောင်းအရင်းအမျိုးမျိုးကြောင့် သေဆုံးတာမျိုး ဖြစ်နိုင်ပြီး Covid-19 ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: CNN
Comments