ဇူလိုင် ၁၄၊ ၂၀၂၀
M-Media
-၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပြန့်နှံ့ခဲ့တဲ့ Covid-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်းပေါင်း ၃၀၀၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မနေ့မှာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုမှာ ရုရှားက ၅၄၅ ဦးနဲ့ အများဆုံးဖြစ်ပြီး ယူကေက ၅၄၀ ဦး၊ အမေရိကန်က ၅၀၇ ဦး ရှိပါတယ်။ စာရင်းကောက်ယူမှုမှာ မပါဝင်တာတွေ ရှိတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဖွဲ့ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အကြံပေး ဆန်ဟီတာ အမ်ဘက်စ်က ကျန်းမာရေးဝန်ထမ်းတွေရဲ့ အသက်တွေကို ပိုမိုအလေးထားဖို့အတွက် ကမ္ဘာ့တစ်ဝှမ်း အစိုးရတွေကို တိုက်တွန်းကြောင်း၊ မိမိတို့ရဲ့ အသက်န္တရာယ်ထိခိုက်မယ့်အကြောင်း ထုတ်ဖော်ပြောဆိုတဲ့ ဝန်ထမ်းတွေကို အချို့အစိုးရတွေက အရေးယူအပြစ်ပေးတာမျိုး မြင်ရတာဟာ စိတ်ပျက်စရာကောင်းကြောင်း ပြောကြားခဲ့ပါတယ်။
ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၃၅၁ ဦး သေဆုံးထားပြီး၊ မက္ကဆီကိုနိုင်ငံမှာလည်း ၂၄၈ ဦး သေဆုံးထားပါတယ်။
ကမ္ဘာတစ်ဝှမ်း Covid-19 ကူးစက်သူအရေအတွက် စုစုပေါင်း ၁၂.၉ သန်းရှိနေပြီး သေဆုံးသူကတော့ ၅၆၉၀၀၀ ဦး ရှိပါတယ်။
Ref: Aljazeera
Comments