သြဂုတ် ၁၆၊ ၂၀၂၀
M-Media
-သာမန်ကိုဗစ် ဗိုင်းရပ်စ်ထက် ကူးစ်ဖို့ ၁၀ ဆ ပိုလွယ်ကူတဲ့ ပုံပြောင်း ကိုဗစ်ဗိုင်းရပ်စ်တစ်မျိုးကို တွေ့ရှိခဲ့တယ်လို့ မလေးရှား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ဒီပုံပြောင်း ကိုဗစ်ဗိုင်းရပ်စ်သစ်ကို D614G လို့ အမည်ပေးထားပြီး မလေးရှား ကျန်းမာရေး သုသေတနဌာနရဲ့ စစ်ဆေးမှုအရ ကူးစက်မှုဖြစ်နေတဲ့ နေရာနှစ်ခုက လူ ၄ ဦးမှာ တွေ့ခဲ့တာပါ။
မလေးရှား ကျန်းမာရေး၀န်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နူရ်ဟီရှမ် အဘ်ဒူလာက ပြည်သူတွေအနေနဲ့ ပိုမိုသတိထားကြဖို့ လိုအပ်တယ်လို့ ပြေကြားခဲ့ပါတယ်။
“ဒီနေရာတွေက ကူးစက်သူတွေဟာ အခြားသူတွေထံ ထပ်မံကူးစက်ဖို့ ၁၀ ဆ လွယ်ကူပါတယ်။ မြန်ဆန်တဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုကြောင့် အခုအချိန်အထိ ဒီေနရာနှစ်ခုကို ထိန်းချုပ်ထားနိုင်ပါတယ်”
D614G ပုံပြောင်း ကိုဗစ်ဗိုင်းရပ််စ်ကို သိပ္ပံပညာရှင်တွေက ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ပြည်သူလူထုအနေနဲ့ ကြိုတင်ကာကွယ်ရေး နည်းနာတွေကို လုပ်ဆောင်ဖို့၊ ခပ်ခွာခွာနေထိုင်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးစည်းမျဥ်းတွေကို လိုက်နာပြီး နှာခေါင်စည်းတွေ တပ်ကြဖို့လည်း ဒေါက်တာဟီရှမ်က တိုက်တွန်းခဲ့ပါတယ်။
Ref: The Star
Comments