ဩဂုတ် ၂၀၊ ၂၀၂၀
M-Media
-ပိုင်နက်ထဲဝင်လာတဲ့ ယူအေအီး သင်္ဘောတစ်စီးကို ထိန်းသိမ်းလိုက်တယ်လို့ ယူအေအီးက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
တနင်္လာနေ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး အဲဒီနေ့မှာပဲ အီရန် ငါးဖမ်းသမားနှစ်ယောက် ယူအေအီး ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။ ယူအေအီးက သူတို့ပိုင်နက်ထဲဝင်လာတဲ့ အီရန်ငါးဖမ်းသင်္ဘော ၈ စီးကို တားဆီးဟန့်တားခဲ့တယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် သေဆုံးဒဏ်ရာရမှု ဖြစ်စဉ်တော့ မပါဝင်ပါဘူး။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ နိုင်ငံရေပိုင်နက်ထဲကို တရားမဝင် ဝင်လာတာကြောင့် ယူအေအီးသင်္ဘောကို ဖမ်းဆီးလိုက်ပြီး သင်္ဘောသားတွေကို ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အီရန်ငါးဖမ်းသမားတွေ အသတ်ခံရမှုအတွက် ယူအေအီးက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး နစ်နာကြေးပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။
အီရန်နဲ့ ပင်လယ်ကွေ့က အခြားနိုင်ငံတွေအကြား ငါးဖမ်းသင်္ဘောပြဿနာဟာ အရင်ကတည်းက ရှိခဲ့ပါတယ်။ အီရန်ကတော့ သူတို့ရဲ့ နိုင်ငံသားတွေနဲ့ အကျိုးစီးပွား ကျူးကျော်ထိခိုက်လာတာမှုတွေရှိရင် လိုအပ်တဲ့ နည်းလမ်းအားလုံးနဲ့ တုန့်ပြန်သွားမယ်လို့ သတိပေးထားပါတယ်။
Ref: Aljazeera
Comments