စက်တင်ဘာ ၁၀၊ ၂၀၂၀
M-Media
-ဩဂုတ်လဆန်းပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်မှာ ဒီကနေ့ မီးထပ်လောင်ခဲ့ပြီး နှစ်ရက်အတွင်း နှစ်ကြိမ်မြောက် မီးလောင်တာလည်း ဖြစ်ပါတယ်။
လက်ဘနွန်စစ်တပ်က ဒီကနေ့မနက်မီးဟာ ဆီနဲ့ တာယာတွေ သိုလှောင်ထားတဲ့ ကုန်လှောင်ရုံကနေ လောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အင်္ဂါနေ့ကလည်း အသေးစားမီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဩဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး ၆၅၀၀ ကျော်လောက် ဒဏ်ရာရခဲ့ပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ ဆိပ်ကမ်းမှာ သိုလှောင်ထားတဲ့ အမိုနီယံနိုက်ထရိတ် ၃ ထောင်နီးပါးကြောင့် ဖြစ်တာလို့ လက်ဘနွန် အစိုးရက ထုတ်ပြန်ထားပါတယ်။
အဲဒီဆိပ်ကမ်းမှာ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့တဲ့ အပျက်အဆီးတွေကို လက်ရှိအချိန်အထိ ရှင်းလင်းနေရတာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments