စက်တင်ဘာ ၁၂၊ ၂၀၂၀
M-Media
ကွင်းအတွင်း ပရိသတ်ဝင်ခွင်ပြုရေး ပရီးမီးယားလိဂ်က ဗြိတိန်အစိုးရကို တောင်းဆို

ဘောလုံးပွဲတွေမှာ ပရိတ်သတ်ဝင်ခွင့်ပြုရေး ကန့်သတ်မယ့် အစိုးရရဲ့အစီအစဉ်ကို ပြန်လည်စဉ်းစားပေးဖို့ ပရီးမီးယားလိဂ်က ဗြိတိန်အစိုးရကို စာပို့တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲတွေမှာ ပရိတ်သတ်တွေ ဝင်ခွင့်ပြုဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် ဒီအစီအစဉ်ကို ပြန်သုံးသပ်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ ပရီးမီးယားလိဂ် ကျင်းပရေး ကော်မတီက ပရိတ်သတ်မပါဘဲ ကစားရင် တစ်လကို ပေါင် သန်း ၁၀၀ လောက်ရှုံးနိုင်ပြီး လူ ၁ သိန်းလောက်ရဲ့ အလုပ်အကိုင်တွေလည်း ဆုံးရှုံးမယ်လို့ ထောက်ပြခဲ့ပါတယ်။ ကိုဗစ်ကြောင့် ခေတ္တရပ်နားပြီး ပြန်စတဲ့ ဇွန်လကစလို့ ဥရောပဘောလုံးပြိုင်ပွဲတွေမှာ ပရိတ်သတ်မပါဘဲ ကစားခဲ့ကြတာ
ဖြစ်ပါတယ်။
မလိုအပ်ဘဲ ငွေမဖြုန်းဟု ကလော့ပ်ပြော

အပြောင်းအရွှေ့စျေးကွက်မှာ မလိုအပ်ဘဲ ငွေကြေးဖြုန်းတီးသွားမှာ မဟုတ်ဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်ချိန်ပီယံဟာ လက်ရှိအချိန်အထိ ကစားသမားတစ်ဦးသာ ဝယ်ယူထားပြီး ပြင်ဆင်မှုအားနည်းတယ်လို့ ဝေဖန်ခံနေရပါတယ်။ ကလော့ပ်ကတော့ ဒီကစားသမားမရှိလို့ ရာသီစလိုမရတော့ဘူးဆိုတဲ့အတွေးမျိုး လီဗာပူးလ်ရောက်စဉ်ကတည်းက မရှိကြောင်း ထိုက်တန်သလောက် ပြန်ရတဲ့အခြေအနေမျိုးမှသာ မိမိတို့က ငွေကြေးသုံးစွဲကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ လာမယ့်ဘောလုံးရာသီဟာ အရင်နှစ်ကထက် ပိုမိုခက်ခဲလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
အသင်း၏အုတ်မြစ် ကန်တေကို ချယ်ဆီးက ရောင်းမည်မဟုတ်

အန်ဂိုလိုကန်တေဟာ အသင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောကြားလိုက်ပါတယ်။ ကန်တေကို ခေါ်ယူဖို့ ဥရောပအသင်းကြီး တော်တော်များများက ကြိုးစားနေကြပြီး အသင်းက ထွက်မယ်လို့လည်း သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ လမ်းပတ်က ပြီးခဲ့တဲ့နှစ်မှာ ဒဏ်ရာကြောင့် ကန်တေ ခြေစွမ်းမပြနိုင်ပေမယ့် လက်ရှိ ကြံ့ခိုင်မှုပြည့်၀နေပြီး အဆုံးရှုံးမခံနိုင်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ချယ်ဆီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် တနင်္လာနေ့မှာ ဘရိုက်တန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
Ref: Goal,BBC
Comments