စက်တင်ဘာ ၁၈၊ ၂၀၂၀
M-Media
-ကာတာနိုင်ငံကို နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ အဓိက မဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်မယ့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်အစိုးရက တာဝန်ရှိသူတွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။
အဓိကမဟာမိတ်အဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံတွေဟာ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာ ရယူအသုံးပြုခွင့်၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဦးစားပေးခံရမှု စတဲ့ အခွင့်ထူးတွေ ရရှိမှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ပင်လွယ်ကွေ့ရေးရာဌာန ဒုတိယတာဝန်ရှိသူ တီမောသီ လန်ဒါကင်းက ကာတာကို နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ အဓိကမဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း နိုင်ငံ ၁၇ နိုင်ငံဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရပြီး အဲဒီအထဲမှာ ကူဝိတ်နဲ့ အမေရိကန်ရဲ့ အမှတ် ၅ ရေတပ်စခန်းရှိတဲ့ ဘာရိန်းတို့ ပါဝင်ပါတယ်။
ကာတာမှာတော့ အရှေ့အလယ်ပိုင်းရဲ့ အကြီးဆုံး အမေရိကန်စစ်စခန်းရှိနေပါတယ်။ ကာတာကို အဓိကမဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်မယ်ဆိုတဲ့သတင်းဟာ ယူအေအီးနဲ့ ဘာရိန်းတို့ အစ္စရေးနဲ့ တရားဝင်သံတမန်ဆက်ဆံရေးထူထောင်တဲ့ အခမ်းအနားအပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments