စက်တင်ဘာ ၁၉၊ ၂၀၂၀
M-Media
-တရုတ် အက်ပလီကေးရှင်းတွေဖြစ်တဲ့ Tik Tok နဲ့ WeChat ဒေါင်းလုပ်ရယူမှုကို အမေရိကန်အစိုးရက စက်တင်ဘာ ၂၀ ရက်နေ့ကျရင် ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။
စီးပွားကူးသန်း၀န်ကြီး ၀ီလ်ဘာရ် ရို့စ်က ဒီလို ပိတ်ပင်လိုက်ခြင်းအားဖြင့် “မိမိတို့ရဲ့ အမျိုးသားလုံခြုံရေးကို အာမခံနိုင်မှာဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်မှုကနေ အမေရိကန် ပြည်သူတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်” လို့ သောကြာနေ့ ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။
စီးပွားကူးသန်းဌာနရဲ့ အခုကန့်သတ်ချက်ဟာ အက်ပလီကေးရှင်းတွေရဲ့ Update တွေ ရယူခွင့်ကို ကန့်သတ်တာဖြစ်ပြီး၊ အက်ပလီကေးရှင်းကို ဆက်လက်အသုံးပြုခွင့် ရနေမှာပါ။
အမေရိကန်နယ်နမိတ်အတွင်း ဒီ အက်ပလီကေးရှင်းတွေကို ပိတ်ပင်ထားဖို့အတွက် ကန်အစိုးရက Apple နဲ့ Google တို့ကို ညွှန်ကြားသွားဖို့ ရှိနေပါတယ်။
တရုတ်ရဲ့ ဒီအက်ပလီကေးရှင်းတွေဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းတာတွေ၊ တရုတ်ကွန်မြူနစ်ပါတီ ထောက်လှမ်းရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်တာတွေ ရှိနေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမျိုးသားလုံခြုံရေးကိစ္စတွေ ဖြေရှင်းပြီးသွားတဲ့အချိန် နို၀င်ဘာ ၁၂ ရက်နေ့ကျရင် ဒီပိတ်ပင်မှုကို ရုပ်သိမ်းပေးနိုင်လိမ့်မယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်
TikTok ကို ပိုင်ဆိုင်တဲ့ ByteDance အနေနဲ့ အမေရိကန်အပိုင်းကို စက်တင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး မရောင်းချဘူးဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ပင်သွားမယ်လို့ ဩဂုတ်လမှာ သမ္မတထရမ့်က အမိန့်ထုတ်ခဲ့ပါတယ်။
ByteDance ကတော့ အမေရိကန်က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ယူထားခြင်းမရှိဘဲ တရုတ်အစိုးရနဲ့လည်း ဆက်စပ်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
Ref : RT
Comments