နိုဝင်ဘာ ၂၅၊ ၂၀၂၀
M-Media
-အာဂျင်တီးနား ဂန္တဝင်ဘောလုံးသမား ဒီယေဂို မာရာဒိုဟာ ရုတ်တရက် နှလုံးဖောက်မှုကြောင့် ဒီကနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။
မာရာဒိုနာကွယ်လွန်မှုကို အာဂျင်တီးနား ပြည်တွင်းသတင်းဌာနတွေက စတင်ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ ရှေ့နေဖြစ်သူက ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ မာရာဒိုနာဟာ အသက် ၆၀ ရှိပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်ကမှ ဦးနှောက်သွေးယိုစီးမှုကို ကုသပြီး ဆေးရုံးက ဆင်းလာတာပါ။
ဘောလုံးစွမ်းရည်ကြောင့် ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် မှတ်ယူခံရတဲ့ မာရာဒိုနာ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားရခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ အဓိကကစားသမား ဖြစ်ပါတယ်။ ဘိုကာဂျူနီယာ၊ နာပိုလီနဲ့ ဘာစီလိုနာအပါအဝင် ကလပ်အသင်းတော်တော်များများမှာလည်း ကစားခဲ့ပါတယ်။
ကျန်းမာရေးချို့တဲ့တာကြောင့် ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရသလို၊ ၂၀၀၀ ခုနှစ်က နှလုံးအလုပ်မလုပ်တော့တာကြောင့် သေဆုံးလုနီးနီး ဖြစ်ခဲ့ပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ဂန္တဝင်ကစားသမားတစ်ဦး ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲရကြောင်း၊ မိမိတို့နှလုံးသားထဲမှာ မာရာဒိုနာဟာ အမြဲရှင်သန်နေမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Ref: Daily Mail
Comments