6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၊ ၂၀၂၀
M-Media

-နာဇီတွေရဲ့ အစွန်းရောက် အယူအဆတွေကို ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ လူဖြူအစွန်းရောက်အဖွဲ့တစ်ခုကို ဂျာမနီအစိုးရက​ မတရားအသင်းအဖြစ် ကြေငြာလိုက်ပြီး ပါဝင်ပတ်သက်သူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

Wolfbrigade 44 လို့ အမည်ရတဲ့ အဖွဲ့ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ ဂျာမနီအစိုးရက မတရားအသင်း ကြေငြာလိုက်တာပါ။ ဒီအမိန့်ထွက်လာပြီးတဲ့နောက်ပိုင်း ရဲတပ်ဖွဲ့က ပြည်နယ် ၃ ခုမှာ ရှိတဲ့ အဖွဲ့ဝင် ၁၃ ဦးရဲ့ အိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

ဒီလို ရှာဖွေဖမ်းဆီးမှုအတွင်း အဖွဲ့ရဲ့ ရန်ပုံငွေတွေ၊ လူဖြူအစွန်းရောက် ဝါဒဖြန့်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဂျာမနီ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

“ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်မှုအခြေခံတန်ဖိုးတွေကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ကျွန်တော်တို့အစိုးရရဲ့ ပြတ်ပြတ်သားသား တုန့်ပြန်မှုကို ခံရမှာ ဖြစ်ပါတယ်” လို့ ဂျာမနီ ပြည်ထဲရေးဝန်ကြီး Horst Seehofer က ပြောကြားခဲ့ပါတယ်။

Wolfbrigade 44 အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ နာဇီအာဏာရှင်စနစ် ပြန်လည်ထူထောင်ဖို့ဖြစ်ပြီး နံပါတ် ၄၄ ဟာ နာဇီရဲ့ အထူးတပ်ဖွဲ့ SS က တပ်မှူးနဲ့ စစ်ရာဇဝတ်ကောင် Oskar Dirlewanger ကို ရည်ညွှန်းတာဖြစ်တယ်လို့ ဂျာမနီ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအဖွဲ့ကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းတာဖြစ်ပြီး လက်နက်တွေ စုဆောင်းထားတာမျိုး ရှိသလို၊ လက်ယာစွန်းရောက်တွေရဲ့ ဆန္ဒပြပွဲတွေမှာ ဒီအဖွဲ့က အဖွဲ့ဝင်တွေ ပါဝင်တာမျိုးလည်း ရှိပါတယ်။

ဂျာမနီအစိုးရဟာ အခုနှစ်စောပိုင်းတုန်းကလည်း Combat 18 နဲ့ Nordadler တို့အပါအဝင် အခြား လူဖြူအစွန်းရောက် အဖွဲ့တွေကို မတရားအသင်းကြေငြာကာ နှိမ်နှင်းဖူးပါတယ်။

Ref: Aljazeera

Tags:

Comments are closed.