6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)


ဒီဇင်ဘာ ၁၊ ၂၀၂၀
M-Media

မကြာခင်ပြန်လာရန် မျှော်လင့်သည်ဟု ဝုလ်ဗ်တိုက်စစ်မှူးပြော
============
ဒဏ်ရာအမြန်ပျောက်ပြီး သိပ်မကြာခင်မှာ ကွင်းထဲပြန်လာဖို့ မျှော်လင့်တယ်လို့ ဝုလ်ဗ်တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်ဇ်က ပြောကြားလိုက်ပါတယ်။

အခုတစ်ပတ် အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဂျီမီနက်ဇ်ဟာ အာဆင်နယ်နောက်ခံလူ ဒေးဗစ်လူးဝစ်နဲ့ ထိခိုက်မိပြီး ဦးခေါင်းအက်ကွဲဒဏ်ရာ ရရှိခဲ့တာပါ။

ကွင်းအတွင်း သတိမေ့သွားပြီး အောက်ဆီဂျင်ပေးကာ ကွင်းပြင်ထုတ်ခဲ့ရတာကြောင့် အသင်းသားတွေနဲ့ ပရိတ်သတ်တွေအကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒါပေမယ့် ဆေးရုံမှာ သတိပြန်ရခဲ့ပြီး ခွဲစိပ်ကုသမှုလည်း ခံယူခဲ့ရပါတယ်။ ဂျီမီနက်ဇ်က မိမိကို အားပေးခဲ့ကြတဲ့သူတွေအတွက် ကျေးဇူးတင်တယ်လို့ ဒဏ်ရာရအပြီး ပထမဆုံးတင်တဲ့ မနေ့က Twitter ပို့စ်မှာ ရေးသားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှ လူမျိုးရေးခွဲခြားသည့် စကားလုံးအတွက် ကာဗာနီ ပြန်တောင်းပန်
=================
Instagram အကောင့်က ပို့စ်တစ်ခုမှာ လူမျိုးရေးခွဲခြားတဲ့စကားလုံး ပါသွားတဲ့အတွက် မန်ယူတိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီက ပြန်လည်တောင်းပန်လိုက်ပါတယ်။

သူ ၂ ဂိုး သွင်းပြီး ဆောက်သက်တမ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲအပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို သူငယ်ချင်းတစ်ယောက်က ချီးကျူးထားတဲ့ပို့စ်ကို Share ရာမှာ စပိန်ဘာသာစကားနဲ့ ရေးထားတဲ့ ဒီစကားလုံး ပါသွားတာ ဖြစ်ပါတယ်။

ဒီအတွက် ​အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် FA ကလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။ ကာဗာနီက မိမိဟာ လူမျိုးရေးခွဲခြားမှုကို လုံး၀ဆန့်ကျင်သူဖြစ်ပြီး ပို့စ်မှာ ဒီစကားလုံးပါတယ်ဆိုတာ သိတာနဲ့ ဖျက်ပစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မန်ယူက ထုတ်ပြန်တဲ့ ကြေငြာချက် ကာဗာနီဟာ တမင်လုပ်ခဲ့တာမဟုတ်ကြောင်း မိမိတို့အသင်းနဲ့ ကစားသမားတွေဟာ လူမျိုးရေးခွဲခြားမှုကို တစ်စိုက်မတ်မတ် ဆန့်ကျင်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Ref: BBC

Comments are closed.