6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၃၀၊ ၂၀၂၀
M-Media

ဆိုရှယ်မီဒီယာပို့စ်ကြောင့် မန်ယူတိုက်စစ်မှူး ကာဗာနီ ၃ ပွဲပယ်ခံရဖွယ်ရှိနေ
==================
ဆောက်သမ်ကို အနိုင်ရပြီး သိပ်မကြာခင်မှာ Instagram မှာ မန်ယူတိုက်စစ်မှူး ကာဗာနီ ​Share လုပ်ခဲ့တဲ့ ပို့စ်တစ်ခုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တာတွေ့ရင် ၃ ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြောကြားလိုက်ပါတယ်။

၂ ဂိုး အရှုံးကနေ ၃ ဂိုး ပြန်သွင်းကာ အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ ကာဗာနီက ၂ ဂိုး သွင်းခဲ့ပါတယ်။

ကာဗာနီ ပြန်လည်မျှဝေတဲ့ပို့စ်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ပရိတ်သတ်တွေက ချီးကျူးထားတာဖြစ်ပေမယ့် လူမည်းတွေကို စော်ကားတဲ့အသုံးနှုန်း ပါဝင်နေတာပါ။ နောက်ပိုင်းမှာ ဒီပို့စ်ကို ပြန်ဖျက်သွားပါတယ်။

FA ရဲ့ ဆိုရှယ်မီဒီယာ စည်းမျဉ်းစည်းကမ်းမှာ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းကို ကိုယ်တိုင်ရေးတင်တာ ဒါမှမဟုတ် တစ်ဆင့် ပြန် Share တာ နှစ်မျိုးစလုံးကို တားမြစ်ထားပြီး ချိုးဖောက်ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။

အထုတ်ခံရမည်ကို မစိုးရိမ်ဟု အာဆင်နယ်နည်းပြပြော
====================
မိမိအနေနဲ့ အသင်းကထုတ်ပယ်ခံရမှာကို မစိုးရိမ်ဘူးလို့ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ပြောကြားလိုက်ပါတယ်။

မနေ့က ဝုလ်ဗ်ကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ အာဆင်နယ်ဟာ ၁၀ ပွဲကစားအပြီးမှာ ၅ ပွဲအထိရှုံးကာ အဆင့် ၁၄ နေရာကို ရောက်နေပါတယ်။ ဒါဟာ ၁၉၈၁ ခုနှစ်နောက်ပိုင်း ရာသီအစမှာ အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

အာတီတာကတော့ နည်းပြဖြစ်လာကတည်းက တစ်နေ့မဟုတ်တစ်နေ့ အထုတ်ခံရနိုင်တယ်ဆိုတာကို သိထားပြီး၊ လက်ရှိမှာ ရှိတဲ့ကစားသမားတွေနဲ့ အသင်းကို အကောင်းဆုံးပေးဆပ်သွားဖို့သာ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

မိမိတို့မှာ မြင်းပုလေးသားဖြစ်သည်ဟု စပါးနည်းပြပြော
================
စပါးဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို စိန်ခေါ်လာနေတယ်ဆိုတဲ့ သတင်းတွေကို မော်ရင်ဟိုက ထပ်မံငြင်းဆိုလိုက်ပြီး မိမိတို့အသင်းဟာ စိန်ခေါ်နိုင်စွမ်းမရှိတဲ့ ‘မြင်းပူလေး’ သာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

မနေ့က ချယ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့ပြီးတဲ့နောက် ဂိုးကွာခြားချက်အသာနဲ့ စပါးဟာ ဇယားထိပ်ကို ရောက်လာပြီး ဒါဟာ ၁၉၈၅ ခုနှစ်နောက်ပိုင်း ၁၀ ပွဲအပြီး ပထမဆုံးအကြိမ် အဆင့် ၁ နေရာကို ရရှိတာပါ။

မော်ရင်ဟိုကတော့ ရလဒ်အတွက် အသင်းသားတွေ မပျော်ရွှင်ပေမယ့် အသင်းရဲ့ ကစားကွက်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်လာတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ​

စပါးဟာ ၁၉၅၁ နဲ့ ၁၉၆၁ ခုနှစ်တွေမှာ ပရီးမီးယားလိဂ်ဖလား ရရှိထားပြီး နှစ်ကြိမ်စလုံးဟာ ၁ နဲ့ဆုံးတဲ့နှစ်တွေ ဖြစ်တဲ့အတွက် အခုနှစ်မှာလည်း ဖလားရနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

Ref: BBC

#mmFootballNews

Comments are closed.