6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၉၊ ၂၀၂၀
M-Media

-နိုင်ငံရဲ့ ပထမဆုံး အဝေးထိန်း လူမဲ့စစ်ရေယာဉ်တစ်စီးကို တူရကီက အခုတစ်ပတ်မှာ ထုတ်ပြခဲ့ပြီး စမ်းသပ်မောင်းနှင်မှုကို လကုန်ပိုင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Blue Homeland လို့ မည်ပြောင်ပေးထားတဲ့ အဲဒီရေယာဉ်ကို တူရကီ ပြည်တွင်းကုမ္ပဏီနှစ်ခု ပူးပေါင်း ဖန်တီးတာပါ။ အောက်တိုဘာလက ဒီစီမံကိန်းကို ကြေငြာခဲ့ပြီး အခု ဒီဇင်ဘာမှာ ပုံတူတစ်စီးကို ထုတ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းအတွက် ၃ နှစ်လောက် သုတေသနတွေ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ULAQ စီးရီးရဲ့ ပထမဆုံး ရေယာဉ်ဖြစ်ပြီး တစ်နာရီ မိုင် ၄၀ နှုန်းနဲ့ ၂၄၉ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။ ဉာဏ်ရည်တုနည်းပညာ (AI)၊ ညဘက်မောင်းနှင်နိုင်မယ့် နည်းပညာမျိုး တပ်ဆင်ထားပြီး၊ လျှို့ဝှက် ဆက်သွယ်ရေးစနစ်လည်း ပါဝင်ပါတယ်။

ဒီ မောင်းသူနဲ့သင်္ဘောကို ထောက်လှမ်းရေး၊ ကာကွယ်ရေး၊ အီလက်ထရောနစ်စစ်ပွဲ စသဖြင့် ဘက်စုံသုံးနိုင်မှာပါ။ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်နိုင်ပြီး ဒီသင်္ဘောမှာ အသုံးပြုနိုင်မယ့် ဒုံးကျည်တွေကိုလည်း တူကရကီပြည်တွင်းမှာပဲ ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။ လကုန်ပိုင်းမှာလုပ်မယ့် စမ်းသပ်မောင်းနှင်မှုမှာ ဒုံးကျည်တွေလည်း စမ်းသပ်ပစ်ခတ်မှာ ဖြစ်ပါတယ်။

ဒီသင်္ဘောကြောင့် အေဂျီယံပင်လယ်နဲ့ မြေထဲပင်လယ်တွေမှာ မိမိတို့ ရေတပ်အင်အားကို မဟာဗျူဟာကျတဲ့ အားသာမှုမျိုး ရရှိစေလိမ့်မယ်လို့ တူရကီအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Ref: Dailysabah

Tags:

Comments are closed.