6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၈၊ ၂၀၂၀
M-Media

ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် လီဝမ်ဒေါ့စကီး ရွေးချယ်ခံရ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါ့စကီးဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် Fifa ရဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

အသက် ၃၂ နှစ်အရွယ် သူဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့တာပါ။

မနှစ်က ဖလား ၃ လုံးရတဲ့ ဘိုင်ယန်မှာ အဓိကကစားသမားဖြစ်ခဲ့ပြီး ၄၇ ပွဲကစားကာ ၅၅ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ တစ်တန်းတည်းဖြစ်တဲ့အတွက် မယုံကြည်နိုင်လောက်အောင်ဖြစ်ရပြီး ဒီဆုဟာ အလွန်အဓိပ္ပါယ်ရှိကြောင်း၊ မိမိအနေနဲ့ အရမ်းမျှော်လင့်ခဲ့ရတဲ့ ဆုတစ်ခုဖြစ်ကြောင်း လီဝမ်ဒေါ့စကီးက ပြောကြားခဲ့ပါတယ်။

ဖီဖာရဲ့ အကောင်းဆုံးနည်းပြဆုကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ရရှိခဲ့ပြီး၊ အကောင်းဆုံးသွင်းဂိုးဆုကို စပါးတိုက်စစ်မှူး ဆွန်ဟွန်မင်က ရရှိခဲ့ပါတယ်။

အသင်းဘုတ်အဖွဲ့က မိမိကို ထောက်ခံဆဲဟု အာတီတာပြော

မိမိကို အသင်းဘုတ်အဖွဲ့ဝင်တွေက အပြည့်အ၀ထောက်ခံတယ်လို့ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ အဆင့် ၁၅ နေရာနဲ့ ၃၉ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစခြေအနေကို ရင်ဆိုင်နေရတာပါ။

အာတီတာက အသင်းကစားပုံ ဆိုးရွားနေတာကို ဝန်ခံခဲ့ပေမယ့် လက်ရှိအနေအထားကို တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသင်းကြုံတွေ့နေရတဲ့ ပြဿနာတွေဟာ အချိန်တိုတိုအတွင်းမှာ ပြေလည်မှာ မဟုတ်ဘူးလို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရူနီ၏သား မန်ယူနှင့် စာချုပ်ချုပ်

မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရူနီရဲ့ သားဖြစ်သူဟာ မန်ယူလူငယ်အသင်းနဲ့ စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

အသက် ၁၁ နှစ်အရွယ် ကီယာဖြစ်ပြီး သားဖြစ်သူရဲ့ လက်မှတ်ထိုးမှုပုံကို ရူနီက Twitter စာမျက်နှာ တင်ခဲ့ပါတယ်။ ကီယာဟာ ရူနီရဲ့ ကလေး ၄ ယောက်ထဲက အကြီးဆုံး ဖြစ်ပါတယ်။

ရူနီဟာ မန်ယူမှာ ၁၃ ရာသီမှာ ပွဲ ၅၀၀ ကျော်ကစား ၂၅၃ ဂိုးသွင်းကာ ပရီးမီးယားလိဂ် ၅ လုံး၊ ချန်ပီယံလိဂ် ၁ လုံး အပါအဝင် စုစုပေါင်း ဆုဖလား ၁၆ လုံးအထိ ရရှိခဲ့ပါတယ်။ ရူနီဟာ မန်ယူသမိုင်းမှာ ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ လက်ရှိမှာတော့ ဒါဘီကောင်တီမှာ ကစားသမားနည်းပြအဖြစ် ဆောင်ရွက်နေပါတယ်။

Ref: BBC

Comments are closed.