ဒီဇင်ဘာ ၂၆၊ ၂၀၂၀
M-Media

-ခရစ်တော်ဖွားမြင်ရာ ခရစ္စမတ်အချိန်ကာလအတွင်း အီရန်နဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ချီးကျူးဂုဏ်ပြုတယ်လို့ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
“တမန်တော် ယောရှုခရစ်တော်ရဲ့ မွေးနေ့မှာ ကမ္ဘာပေါ်က မွတ်စလင်နဲ့ ခရစ်ယာန်တွေအားလုံး – အထူးသဖြင့် ကျွန်တော်တို့ရဲ့ ခရစ်ယာန်ညီနောင်တွေကို ချီးကျူးဂုဏ်ပြုတယ်လို့ နှုတ်ခွန်းဆက်စကား ပါးလိုက်ပါတယ်” လို ခါမေနီက Tiwtter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။
အီရန်သမ္မတ ဟာဆန်ရူဟာနီကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ခေါင်းဆောင်တွေထံ ခရစ္စမတ်နှုတ်ခွန်းဆက်စကား ရေးသားပေးပို့ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးထံ ရေးသားပေးပို့တဲ့စာမှာ ယေရှုခရစ်တော်ဟာ ငြိမ်းချမ်းရေးနဲ့ သနားကြင်နာမှုပြယုဂ်ဖြစ်ပြီး၊ ကိုယ်တော်ရဲ့ အပြုအမူတွေက လက်ရှိ ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ လှုမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းဖြစ်တယ်လို့ ရူဟာနီက ထည့်သွင်းရေးသားခဲ့ပါတယ်။
Ref: Press TV
Comments