6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၈၊ ၂၀၂၀
M-Media

ရာစုနှစ်၏ အက​ောင်းဆုံးဘောလုံးသမားအဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အခုရာစုနှစ်ရဲ့ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

ကမ္ဘာ့ဘောလုံးဆိုင်ရာ ဆုချီးမြှင့်ပွဲ Global Soccer Award ၂၀၀၁-၂၀၂၀ ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ မနေ့က ကျင်းခဲ့တာပါ။

မက်ဆီကို ကျော်ဖြတ်ပြီး ဒီဆုကို ရခဲ့တဲ့ ရော်နယ်ဒိုက ဆုတံဆိပ်တွေ ရတဲ့အတွက် ပျော်ရွှင်မိကြောင်း၊ ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာ ရပ်တည်နေဖို့ဟာ မလွယ်ကူတဲ့ ကိစ္စဖြစ်ပြီး မိမိအနေနဲ့ ဂုဏ်ယူမိကြောင်း၊ အသင်း၊ နည်းပြကောင်းတွေနဲ့ ကစားဖော်တွေသာမရှိရင် ဒီလိုအနေအထားမျိုး မရောက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ရာစုနှစ်အတွက် နည်းပြဆုကို မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စပိန်၊ အင်္ဂလန်နဲ့ အီတလီတို့က အမှတ်ပေးဖလားတွေကို ရရှိခဲ့သလို ပေါ်တူဂီအသင်းနဲ့လည်း ၂၀၁၆ ဥရောပဖလားကို ရရှိခဲ့ပါတယ်။

အမေရိကန်တွင် ကစားချင်သည်ဟု မက်ဆီဖွင့်ဟ

အမေရိကန်က ကလပ်အသင်းတစ်ခုခုမှာ သွားရောက်ကစားချင်တယ်လို့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ဖွင့်ဟလိုက်ပါတယ်။

မက်ဆီဟာ ဩဂုတ်လက အသင်းပြောင်းဖို့ တောင်းဆိုခဲ့ပေမယ့် ဘာစီလိုနာက ခွင့်မပြုခဲ့ပါဘူး။ လက်ရှိသက်တမ်းဟာ ဇွန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဇန်နဝါရီရောက်ရင် အခြားအသင်းတွေနဲ့ ဆွေးနွေးခွင့်ရရှိမှာ ဖြစ်ပါတယ်။

မက်ဆီကတော့ မိမိအနေနနဲ့ လက်ရှိ ဘာမှမဆုံးဖြတ်ရသေးကြောင်း ဘာစီလိုနာနဲ့အတူ ဆုဖလားတွေ ရရှိရေးကိုသာ အာရုံစိုက်ထားကြောင်း စပိန်ရုပ်သံအစီအစဉ်တစ်ခုမှာ မနေ့က ပြောကြားခဲ့ပါတယ်။

အသက် ၁၃ နှစ်အရွယ်ကတည်းက ဘာစီလိုနာကို ရောက်လာတဲ့ မက်ဆီဟာ အသင်းနဲ့အတူ လာလီဂါ ၁၀ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၆ ကြိမ် ရရှိထားပါတယ်။

အေစီမီလန်မှာ မိမိအိမ်ကဲ့သို့ ဖြစ်နေပြီဟု အီဘရာဟီမိုဗစ်ပြော

အေစီမီလန်အသင်းကို ကိုယ့်အိမ်ကိုယ့်ယာလို့ပဲ ခံစားမိတယ်လို့ တိုက်စစ်မှူး ဇလာတန် အီဘရာဟမိုဗစ်က ပြောကြားလိုက်ပါတယ်။

မနှစ်က ရာသီဝက်မှာ အေစီမီလန်ကို ရောက်လာတဲ့ အသက် ၃၉ နှစ်အရွယ် မိုဗစ်ဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်တာကြောင့် အသင်းက တစ်နှစ် သက်တမ်းတိုးထားပါတယ်။ လက်ရှိရာသီမှာလည်း စီးရီးအေ ဂိုးအများဆုံးသွင်းသူ ၃ ဦးစာရင်းမှာ ပါဝင်နေပါတယ်။

အီဘရာဟီမိုဗစ်က မိမိ ကစားခဲ့တဲ့ အသင်းတွေအားလုံးပေါ် လေးစားမှုရှိပြီး၊ အမှတ်တရတွေလည်း ရှိခဲ့ပေမယ့် အေစီမီလန်အသင်းက မိမိတို့ ထူးခြားတဲ့ ခံစားမှု ဖြစ်စေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: Goal, BBC

Comments are closed.