6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၈၊ ၂၀၂၁
M-Media

-ဂျိုးဘိုင်ဒန်ဟာ အမေရိကန်ရဲ့ သမ္မတသစ် ဖြစ်လာမှာဖြစ်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမယ်လို့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

ထရမ့်ကို ထောက်ခံသူတွေက လွှတ်တော်ကို ဝင်ရောက်စီးနင်းပြီး နောက်တစ်ရက်မှာ ထရမ့်ဆီက ဒီစကားမျိုး ထွက်လာတာပါ။ လွှတ်တော်ကိုစီးနင်းဖို့အတွက် ထရမ့်က ဆိုရှယ်မီဒီယာကနေ လှုံဆော်ခဲ့တာ ဖြစ်ပါတယ်။

“ဇန်နဝါရီ ၂၀ ရက်နေ့မှာ အစိုးရသစ်တက်ပါလိမ့်မယ်။ အထစ်အငေါ့မရှိဘဲ စနစ်တကျနဲ့ ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းနိုင်ဖို့ ကျွန်တော်တို့ အခု အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ​ဒီအချိန်ဟာ ပြန်လည်ရင်ကြားစေ့ဖို့၊ ဒဏ်ရာကျက်အောင်လုပ်ဖို့ တိုက်တွန်းရမယ့် အချိန်ပါ” လို့ Twitter မှာ မနေ့ကလွှင့်တင်တဲ့ ဗီဒီယိုမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။

သူ့ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အဦး ဝင်ရောက်စီးနင်းမှုဟာ စက်ဆုပ်စရာကောင်းပြီး၊ အမေရိကန်ရဲ့ ဒီမိုကရေစီတန်ဖိုးကို ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့လည်း ထရမ့်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

လူထောင်ချီ လွှတ်တော်ကိုဝင်စီးခဲ့တဲ့ အဖြစ်အပျက်မှာ ရဲတပ်ဖွဲ့ရဲ့ နှိမ်နှင်းမှုကြောင့် အနည်းဆုံး ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

လွှတ်တော်အမတ်တွေက ဒီကိစ္စအတွက် ထရမ့်ကို ဝေဖန်ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ လွှတ်တော်ဥက္ကဌ နန်စီပီလိုစီအပါအဝင် ဒီမိုကရက်တစ် ထိပ်ပိုင်းခေါင်းဆောင်တွေက ဒုတိယသမ္မတ မိုက်ပန့်စ်ထံ ချဉ်းကပ်ကာ အခြေခံဥပဒေပြင်ဆင်ချက် ၂၅ ကို အသုံးပြုပြီး ထရမ့်ကို ရာထူးကနေ ချက်ခြင်းဖယ်ရှားဖို့ တောင်းဆိုခဲ့ပါတယ်။ မိုက်ပန့်စ်က သဘောမတူပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတဲ့တယ်လို့ ထရမ့်က အထောက်အထားမရှိဘဲ လနဲ့ချီ ပြောကြားခဲ့ပြီးတဲ့နောက် အခုအချိန်မှာတော့ လေသံပြောင်းသွားတာ ဖြစ်ပါတယ်။

“ခင်ဗျားတို့ရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆာင်ရတာဟာ ကျွန်တော့်ဘ၀မှာ ဂုဏ်ယူစရာတစ်ခုပါ။ ထောက်ခံသူတွေ စိတ်ပျက်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါဟာ ခရီးအစပဲရှိသေးတယ်ဆိုတာ ခင်ဗျားတို့ကို သိစေချင်ပါတယ်” လို့ ထည့်ရမ့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref : Aljazeera

Comments are closed.