ဇန်နဝါရီ ၁၁၊ ၂၀၂၁
M-Media
-တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်မှာ ကိုဗစ်ကူးစက်မှု ၅ လအတွင်း အမြင့်ဆုံးကို ရောက်လာတာကြောင့် အာဏာပိုင်တွေက ကန့်သတ်တင်းကျပ်မှုတွေ ပိုမို လုပ်ဆောင်လာပါတယ်။
မနေ့က တရုတ်နိုင်ငံတစ်ဝှမ်း ပြည်တွင်းကူးစက်မှု ၈၅ ခု ရှိခဲ့ရာမှာ ၈၂ ခုက ဟူဘေးပြည်နယ်က ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားက ဝင်လာသူတွေထဲမှာ ကူးစက်မှုကတော့ ၁၈ ခု ရှိပါတယ်။ စုစုပေါင်းကူးစက်မှု ၁၀၃ ခုဟာ ဇူလိုင် ၃၀ ရက်နေ့နောက်ပိုင်း အများဆုံး ဖြစ်ပါတယ်။
လာမယ့်လမှာ ကျရောက်မယ့် နှစ်ကူးကာလမှာ သန်းနဲ့ချီတဲ့ တရုတ်ပြည်သူတွေ ခရီးသွားကြမှာကြောင့် အခု ကူးစက်မှုအပေါ် အာဏာပိုင်တွေက စိုးရိမ်လာကြပါတယ်။
ဟူဘေးပြည်နယ်မြို့တော် ရှီကျာကျွမ်းကို လော့ဒေါင်းချလိုက်ပြီး တစ်မြို့လုံးကလူတွေကို ကိုဗစ်စစ်ဆေးမှုလည်း လုပ်ဆောင်နေပါတယ်။ ဘတ်စ်ကား ဒရိုက်ဘာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ နေ့စဉ် ကိုဗစ်စစ်ဆေးဖို့လည်း အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။
ကပ်ရောဂါကို ကိုင်တွယ်ထိန်းချုပ်ရာမှာ လစ်ဟင်းမှုတွေ ရှိတဲ့အတွက် ပြည်နယ်အစိုးရက တာဝန်ရှိသူ ၃ ဦး ပြီးခဲ့တဲ့သီတင်းပတ်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
Ref: Aljazeera
Comments