ဇန်နဝါရီ ၁၅၊ ၂၀၂၁
M-Media

-အင်ဒိုနီးရှားနိုင်ငံက ဆူလာဝေစီကျွန်းမှာ ဒီကနေ့မနက်အစောပိုင်းက မြေငလျင်ကြောင့် အနည်းဆုံး ၃၄ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုလည်း များပြားကာ ဆူနာမီအန္တရာယ်လည်း ရှိနေပါတယ်။
မြေငလျင်ဟာ ပြင်းအား ၆.၂ မဂ္ဂနီကျု ရှိပါတယ်။ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပြီး ထောင်နဲ့ချီတဲ့သူတွေဟာ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာမှာ ခိုလှုံနေရပါတယ်။
လေယာဉ်ကွင်း၊ ဆေးရုံ၊ တံတားနဲ့ ဟိုတယ်တွေအပါအဝင် အဆောက်အဦးအများပြား ပျက်ဆီးခဲ့ပြီး နောက်ဆက်တွဲငလျင်တွေလှုပ်ကာ ဆူနာမီလှိုင်းလုံး လာနိုင်တယ်လို့ မိုးလေဝသ အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
၂၀၁၈ ခုနှစ်တုန်းကလည်း ဆူလာဝေစီကျွန်းက ပါလူမြို့မှာ ပြင်းအား ၆.၂ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့ပြီး ဆူနာမီရိုက်ခတ်ခဲ့တာကြောင့် လူထောင်ချီ သေဆုံးခဲ့ပါတယ်။
Ref: CNA
Comments