ဇန်နဝါရီ ၂၅၊ ၂၀၂၁
M-Media ၏
-တရုတ်နိုင်ငံမှာ အခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှု သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့ပြီး ရောဂါလက္ခဏာမပြတဲ့သူတွေဆီကနေ ပြန့်နှံ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စနေနေ့က ကူးစက်သူ ၈၀ ရှိရာကနေ မနေ့က ၁၂၄ ဦး ရှိလာခဲ့ပြီး ပြီးခဲ့တဲ့နှစ် မတ်လနောက်ပိုင်း ကိုဗစ်ကူစက်မှုပြန်ဖြစ်ရာမှာ တစ်ရက်တာ အမြင့်ဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။ ကူးစက်မှု အများအပြားတွေ့ရတဲ့ ဒေသက နိုင်ငံအရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်ပါ။
ရောဂါလက္ခဏာမပြဘဲ ကိုဗစ်ရှိနေသူတွေကို တရုတ်အစိုးရက ရောဂါရှိသူအဖြစ် မသတ်မှတ်ပါဘူး။ ဒါပေမယ့် ဒီလူတွေမှာ ရောဂါလက္ခဏာ ပြန်ပြလာပြီး သူတို့ကနေ တစ်ခြားလူတွေကို ကူးစက်ပြန့်နှံတယ်တာကို အခုရက်ပိုင်းမှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။
ဒါ့ကြောင့် ဒေသခံအာဏာပိုင်တွေဟာ လူသန်းနဲ့ချီ နေအိမ်ကွာရန်တင်းဝင်ခိုင်းတာ၊ လှုပ်ရှားသွားလာမှု ကန့်သတ်တာ၊ ကိုဗစ်စစ်ဆေးတာတွေကို ပြန်လည်လုပ်ဆောင်လာပါတယ်။
နိုင်ငံတစ်ဝှမ်းက ကိုဗစ်ကာကွယ်ဆေးထိုးတဲ့နေရာတွေမှာလည်း ရောဂါပိုးအစအနတွေကို တွေ့ရပြီး တရုတ် ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန CDC ကတော့ ကာကွယ်ဆေးအရည်ကနေ ကျခဲ့တာမျိုးဖြစ်ကာ မကူးစက်နိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
Ref: CNA
Comments