6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁
M-Media

-​ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်မှုဟာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေအတွက် အိပ်မက်ဆိုးဖြစ်ပြီး၊ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်လာပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပြီးကတည်းက မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာခဲ့ပြီး ၂၀၁၅ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ GDP ရဲ့ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျဆင်းသွားခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်မှာတော့ GDP ရဲ့ ၁.၇ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက သူတို့အတွက် အာမခံချက် ရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

Curtin တက္ကသိုလ်ရဲ့ နိုင်ငံတကာစီးပွားရေးဆိုင်ရာ လက်ထောက်ပရော်ဖက်ဆာ ဒေါ်ထွေးထွေးသိန်းက အာဏာသိမ်းမှုဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကြီးမားဆုံး အိပ်မက်ဆိုး ဖြစ်လာတယ်လို့ ပြောပါတယ်။

“စီးပွားရေးဆိုတာ တည်ငြိမ်ဖို့၊ အာမခံချက်ရှိဖို့ လိုပါတယ်။ အခုအချိန်က ဘာမဆိုဖြစ်သွားနိုင်တော့ ယုံကြည်မှုကလည်း ကျဆင်းသွားပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အန္တရာယ်ရှိတဲ့နိုင်ငံ ဖြစ်နေတုန်းပဲဆိုတာ ဒီအဖြစ်အပျက်တွေက သက်သေပြနေပါတယ်”

ကုန်ထုတ်လုပ်မှုတွေလျော့ကျကာ မြန်မာနိုင်ငံကထုတ်တဲ့ ကုန်ပစ္စည်းတွေကိုလည်း နိုင်ငံတကာကဝယ်ယူမှု နည်းသွားမယ်လို့ သူမက ထည့်သွင်း သုံးသပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် စက်မှုဇုန်တွေ၊ အထူးစီးပွားရေးဇုန်တွေ ထိခိုက်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပြီး ဒီကဏ္ဍတွေမှာ တရုတ်နဲ့ ဂျပန်တို့က အများစု ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

ဂျပန်နဲ့ စင်ကာပူက လုပ်ငန်းတစ်ချို့ အာဏာသိမ်းစစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ ဆက်သွယ်မှု ရပ်ဆိုင်းခဲ့ပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ ပိုပြီးအခြေခိုင်အောင် ဆောင်ရွက်ဖို့ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

“တရုတ်က ဒေသတွင်းမှာ ရေရှည်လွှမ်းမိုးနိုင်မယ့်သူ ပိုပြီး ဖြစ်ချင်တယ်။ တိုက်ရိုက်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့၊ အကျိုးဖြစ်ထွန်းတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ချင်တယ်။ အဲဒီအထဲမှာ မြန်မာလည်း ပါပါတယ်။ ဒါ့ကြောင့် မြန်မာအပေါ် တရုတ်ခေါင်းဆောင်တွေရဲ့ စိတ်ဝင်စားမှုက လျော့ကျသွားမှာ မဟုတ်ပါဘူး” လို့ NUS စီးပွားရေးတက္ကသိုလ်က မဟာဗျူဟာနဲ့ မူဝါဒဆိုင်ရာ ပါမောက္ခ အန်ဒရူး ဒီလီယို့စ်က ပြောပါတယ်။

တရုတ်ဟာ သူ့ရဲ့ Belt and Road စီမံကိန်းဆိုင်ရာတွေကို မြန်မာနိုင်ငံမှာ ဦးစားပေး လုပ်ဆောင်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

Fitch Solutions အဖွဲ့က နိုင်ငံတွေရဲ့ ဘေးအန္တရာယ်ဆိုင်ရာ အကြီးတန်းလေ့လာသုံးသပ်သူ ဂျာဆန်ယက်က တရုတ်ဟာ စစ်အစိုးရနဲ့ပေါင်းပြီး သူတို့ရဲ့စီမံကိန်းတွေကို တွန်းအားပေးလုပ်ဆောင်သွားနိုင်ပေမယ့် တိုးတက်မှု နှေးကွေးနိုင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂၁.၅ ဘီလီယံလောက်ရှိနေပြီး စင်ကာပူပြီးရင် ဒုတိယရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခဲ့ပေမယ့် အုပ်ချုပ်ရေးပိုင်းမှာ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်မယ်ဆိုရင် စီးပွားရေးတိုးတက်မှု ရှိလာမယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

“စစ်အစိုးရတက်လာတာနဲ့ တစ်ချိန်တည်းမှာပဲ စီးပွားရေးတိုးတက်မှုအကြောင်း ပြောကြတာတွေ ရှိပါတယ်။ တကယ်တော့ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု တိုက်ရိုက်ဆက်စက်နေတာမျိုး မဟုတ်ပါဘူး။ အုပ်ချုပ်ရေးပိုင်းသီးသန့်က ပြဿနာမဟုတ်ပါဘူး။ အာဏာရှင်အစိုးရပုံစံ သွားနေပေမယ့် မှန်ကန်တဲ့ပေါ်လစီတွေ ချနိုင်မယ်ဆိုရင် စီးပွားရေးတိုးတက်မှု ပိုကောင်းမှာပါ” လို့ INSEAD က နိုင်ငံတကာစီးပွားရေး မဟာဗျူဟာဆိုင်ရာ ပရော်ဖက်ဆာ မီခေးလ်ဝစ်က ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုနှေးကွေးတာ၊ အဓိကစီးပွားရေးလုပ်ငန်းတွေကို ဖွင့်ပေးဖို့ တွန့်ဆုတ်နေတာ၊ အုပ်ချုပ်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးယန္တရား အား​နည်းနေတာတွေကလည်း စီးပွားရေးတိုးတက်မှုကို ထိခိုက်စေတယ်လို့ ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။

“ဒီကိစ္စတွေက စစ်တပ်နဲ့ သိပ်တော့မဆိုင်ဘူးဗျ။ မြန်မာနိုင်ငံမှာ ထိရောက်တဲ့ အုပ်ချုပ်ရေးယန္တရား မရှိတာ​ကြောင့်လို့ ပြောလို့ရတယ်။ ဒီကဏ္ဍ​မှာ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲဖို့အတွက် ကျွမ်းကျင်မှုနဲ့ ငွေကြေးလည်း လုံလုံလောက်လောက် ရှိပါဘူး”

Ref: CNA

Comments are closed.