6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁
M-Media

-လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ၊ CDM လှုပ်ရှားမှုတွေကြောင့် စက်သုံးဆီတင်ပို့မှုနဲ့ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ စီးပွားရေးနယ်ပယ်က သတင်းရင်းမြစ် ၅ ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

“စီးပွားရေးဟာ ရပ်ဆိုင်းသလောက်နီးနီး ရှိ​ေနပြီ။ အစိုးရ ဝန်ကြီးဌာနအားလုံး ပိတ်ထားရတယ်။ စက်သုံးဆီ သိုလှောင်ထားမှုကလည်း လျော့ကျလာတယ်။ ၂ လအတွင်း စက်သုံးဆီတွေ ပြတ်သွားနိုင်ပါတယ်” လို့ ရင်းမြစ်တစ်ခုက ပြောပါတယ်။

​မြန်မာနိုင်ငံရဲ့ ဓာတ်ဆီနဲ့ ဒီဇယ်သုံးစွဲမှု ၉၈ ရာခိုင်နှုန်းဟာ ပြည်ပတင်သွင်းမှုအပေါ် မှီခိုရတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆက်သွယ်လို့မရဘူးလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ ရိုက်တာကိုပြောကြားခဲ့တဲ့ သတင်းရစ်မြစ် ၅ ခုကတော့ ထိလွယ်ရှလွယ်ကိစ္စဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ ပြောကြားခြင်း မရှိပါဘူး။

အာဏာသိမ်းပြီးနောက် စက်သုံးဆီစျေးတွေတက်လာသလို၊ ကျပ်ငွေတန်ဖိုးလည်း ကျလာပါတယ်။ ရုံးမတက်ရေး CDM လှုပ်ရှားမှုကြောင့် အစိုးရယန္တရား၊ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းသွားပါတယ်။

ဘဏ်လုပ်ငန်းတွေဟာ ငွေပေးချေမှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားသလို၊ သွင်းကုန်ထုတ်ကုန်တွေကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ အကောက်ခွန်ရုံးတွေကလည်း အပြည့်အ၀ မလည်ပတ်တော့ပါဘူး။

ဂျပန်ဘဏ် Mizuho ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်ခွဲ​တွေပိတ်တာ၊ လုပ်ငန်းရပ်ဆိုင်းတာတွေ မလုပ်သေးဘူးလို့ ပြောပေမယ့် ဘယ်လိုဝန်ဆောင်မှုမျိုး ပေးနေလဲဆိုတာကို ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။

Puma Energy၊ PetroChina လက်ခွဲ Singapore Petroleum တို့ စီမံခန့်ခွဲတဲ့ စက်သုံးဆီ တင်သွင်းရေး ဆိပ်ကမ်းတွေကို ရပ်ဆိုင်းထားရပြီး ပြည်တွင်းကုမ္ပဏီတွေ စီမံတဲ့ ဆိပ်ကမ်းတွေကတော့ လည်ပတ်နေသေးတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

“ဒါပေမယ့် ပြည်ပက စက်သုံးဆီ လာပို့တာမျိုး မရှိတော့ပါဘူး”

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြား စက်သုံးဆီကုမ္ပဏီတွေဟာ မြန်မာနိုင်ကို ပို့ဆောင်ဖို့ ပိုမို သတိထားလာကြပါတယ်။ အရင်က ဘဏ်တွေရဲ့ထောက်ခံစာ LC ပါရင် ရက် ၉၀ အကြွေးနဲ့ ဆီတွေပို့ပေမယ့် အခုအချိန်မှာတော့ ဒီစနစ်ကို လက်မခံတော့ဘဲ ကြိုတင်ငွေ တောင်းလာတာ ဖြစ်ပါတယ်။ ဒီလို ကြိုတင်ငွေကလည်း ဘဏ်တွေ မလည်နိုင်ရင် ပေးလို့ မရပါဘူး။

စီးပွားရေးရင်းမြစ်တစ်ခုက ဒီဘက်မှာ မြန်မာငွေကျပ်နဲ့ လက်ခံပြီး ဟိုဘက်မှာ ဒေါ်လာနဲ့ ငွေချေရေး လုပ်ပေးနိုင်မယ့် လူတစ်ချို့ကို ရှာဖွေနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“ဘဏ်တွေပြန်မဖွင့်မချင်း ကုန်သွယ်ဖို့အတွက် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး”

Ref: Reuters

Comments are closed.