မတ် ၂၊ ၂၀၂၁
M-Media
-အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ မလေးရှားက အာဆီယံအစည်းအဝေးမှာ တောင်းဆိုလိုက်ပြီး၊ ခေါင်းဆောင်တွေ ရင်ကြားစေ့ရေးမှာ ပံ့ပိုးကူးညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့တာပါ။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟီရှာမွတ်ဒင် ဟူစိန်က မြန်မာပြည်သူတွေရဲ့ဆန္ဒကို အလေးထားဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
“မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတဲ့ နည်းလမ်းနဲ့ နိုင်ငံရေးပြဿနာကို ကြိုးစားဖြေရှင်းဖို့ အရေးကြီးပါတယ်။ ပြည်သူတွေ နောက်ဆက်တွဲဆိုးကျိုး မကြုံတွေ့အောင် ရှောင်ရှားနိုင်ငံရေး မြန်မာခေါင်းဆောင်တွေအကြား သဘောထားမတိုက်ဆိုင်မှုတွေကို ရင်ကြားစေ့ပေးတဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို မလေးရှားက ပံ့ပိုးကူညီပေးသွားမှာပါ”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်တွေကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့၊ ပါဝင်ပတ်သက်သူတွေအားလုံးအကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ဖို့လည်း မလေးရှားက တောင်းဆိုခဲ့ပါတယ်။
Ref: Free Malaysia Today
Comments