မတ် ၈၊ ၂၀၂၁
M-Media
-အမေရိကန်၊ ဂျပန်၊ ဩစတေးလျနဲ့ အိန္ဒိယတို့ပါဝင်ပြီး အာရှနေတိုးအဖွဲ့လို့ အမည်ပေးခံထားရတဲ့ Quad အဖွဲ့ရဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေးကို အစောဆုံး သောကြာနေ့မှာ ကျင်းပဖို့ရှိတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။
ခေါင်းဆောင်တွေဟာ အဖွဲ့ရဲ့ မူဘောင်သဘောတူညီချက်ကိစ္စကို ဆွေးနွေးကြမှာပါ။ Quad အဖွဲ့ကို အာရှပစိဖိတ်ဒေသ လုံခြုံရေးအတွက် ရည်ရွယ်ဖွဲ့စည်းတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်တို့ အခုလနှောင်းပိုင်းကျရင် ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို သွားရောက်ဖို့ ရှိပါတယ်။ ဒါဟာ ဇန်နဝါရီလ ဘိုင်ဒန်အစိုးရ တက်လာပြီးနောက်ပိုင်း အာရှက မဟာမိတ်တွေဆီကို အမေရိကန်ရဲ့ ထိပ်တန်းဝန်ကြီးတွေ ပထမဆုံး လာရောက်မှု ဖြစ်လာပါလိမ့်မယ်။
အင်ဒို-ပစိဖိတ်ဒေသမှာ ရန်လိုတဲ့ ခြေလှမ်းတွေကို တရုတ်က လှမ်းလာပြီး မြောက်ကိုရီးယားရဲ့ ရန်ကလည်း မြင့်တက်လာတဲ့အချိန် အမေရိကန်ဟာ အာရှက အဓိက မဟာမိတ်တွေနဲ့ ဆက်ဆံရေးအားကောင်းဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
Ref: Reuters
Comments