6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၈၊ ၂၀၂၁
M-Media


-ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းမှု၊ စစ်ကောင်စီက ပြည်သူလူထုပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေက ပြစ်တင်ရှုတ်ချနေပေမယ့် တရုတ်နိုင်ငံက ကုမ္ပဏီကတွေကတော့ နှုတ်ဆိတ်နေပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပူးတွဲကြေငြာချက်တစ်စောင်ထုတ်ဖို့ မြန်မာနိုင်ငံက နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေကို ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Myanmar Centre for Responsible Business (MCRB ) က တိုက်တွန်းခဲ့တာပါ။ တရုတ်နိုင်ငံက လာရောက်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက သိသိသာသာပဲ နှုတ်ဆိတ်နေကြတာ ဖြစ်ပါတယ်။

MCRB ဟာ လူ့အခွင့်အရေးနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို လေးစားဖို့အတွက် စီးပွားရေးလုပ်ငန်းတွေကို အသိပညာပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့က ကမကထပြုပြီး ကုမ္ပဏီ ၂၁၆ ခု ပူးပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချကာ စစ်အာဏာသိမ်းမှု၊ ဆန္ဒပြ ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရှုတ်ချထားပါတယ်။ ပြည်သူ့ဆန္ဒကို အခြေခံပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လည်း ဒီကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

ကြေငြာချက်ကို လက်မှတ်ရေးထိုးရာမှာ Coca-Cola၊ Total၊ H&M၊ Heineken၊ Maersk၊ Metro၊ Unilever နဲ့ Telenor တို့ အပါအ၀င် နိုင်ငံတကာကုမ္ပဏီ ၆၀ ကျော် ပါ၀င်ပါတယ်။

MCRB ဟာ ဒီကြေငြာချက်ကို မကြာသေးခင်က တရုတ်ဘာသာစကားနဲ့ ပြန်ဆိုထုတ်ပြန်ခဲ့ပြီး တရုတ်နဲ့ ထိုင်၀မ်နိုင်ငံတို့က ကုမ္ပဏီတွေ ပါ၀င်လာစေဖို့ ရည်ရွယ်တာပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသား တရုတ်လုပ်ငန်းရှင် Serge Pun၊ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ် KBZ၊ ဂျပန်နိုင်ငံက အကြီးစား စက်ကိရိယာလုပ်ငန်း Kubota နဲ့ ဆေး၀ါးလုပ်ငန်း Otsuka Pharmaceutical၊ စင်ကာပူက Ascent Capital လုပ်ငန်းတွေ ဒီကြေငြာချက်မှာ ပါ၀င်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက လာလုပ်နေတဲ့ လုပ်ငန်းတွေ တစ်ခုမှ မပါပါဘူး။

မြန်မာနိုင်ငံက တရုတ်သံတမန်အသိုင်းအ၀ိုင်း၊ တရုတ်စီးပွားရေးအသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ လေ့လာသူတစ်ဦးက စီးပွားရေး၊ နိုင်ငံရေး ဓလေ့အရ တရုတ်ကုမ္ပဏီတွေဟာ လက်ရှိ မြန်မာ့အရေးမှာ နှုတ်ဆိတ်နေတာလို့ ပြောပါတယ်။

“မြန်မာနိုင်ငံက အာဏာသိမ်းမှုနဲ့ ပြဿနာဟာ ပြည်တွင်းရေးကိစ္စလို့ တရုတ်ကုမ္ပဏီတွေက ယူဆပါတယ်။ သူတို့ပတ်၀န်းကျင်မှာရှိတဲ့ သူတွေက ဒီကိစ္စနဲ့ ၀ေး၀ေးမှာနေဖို့ သူတို့ကို အကြံပေးတာ၊ သတိပေးတာမျိုးတွေ လုပ်ပါတယ်။ တရုတ်နိုင်ငံက စီးပွားရေးသမားတွေဟာ လူ့အခွင့်အရေးတွေဘာတွေ ဂရုမစိုက်ပါဘူး။ စီးပွားရေးခွင်တွေကိုသာ သူတို့ စိတ်၀င်စားကြတာပါ”

စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တွေမှာဆိုရင်လည်း အမေရိကန်နဲ့ ဥရောပ ကုန်သည်ကြီးများအသင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုကို လက်မခံ သွားမတွေ့ ခဲ့ဘူးလို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်ကုန်သည်ကြီးများအသင်းကလည်း စစ်ကောင်စီရဲ့ ဖိတ်ကြားချက်ကို လက်မခံခဲ့ပါဘူး။ တရုတ်ကုန်သည်ကြီးများအသင်းကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာထုတ်ပြန်မှုမှ မလုပ်သလို Nikkei Asia ရဲ့ မေးမြန်းမှုကိုလည်း မဖြေခဲ့ပါဘူး။

တရုတ်ကုန်သည်ကြီးများအသင်းဟာ မြန်မာနိုင်ငံမှာ အင်အား အတောင့်တင်းဆုံး နိုင်ငံခြား စီးပွားရေးအုပ်စု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်ရှိပြဿနာမှာ တရုတ်နိုင်ငံရဲ့ပုံရိပ်ကို ကာကွယ်ဖို့ တစ်ခုတည်းအတွက်သာ အသံထွက်ထားပါတယ်။ ဒါကတော့ စစ်ကောင်စီက အင်တာနက်ထိန်းချုပ်ဖို့ ဆောင်ရွက်နေရာမှာ တရုတ်နိုင်ငံက ကျွမ်းကျင်သူတွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့သတင်း မဟုတ်မှန်ကြောင်း ဖေဖော်၀ါရီလက မြန်မြန်ဆန်ဆန် ကြေငြာချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဘာထုတ်ပြန်မှုမှ မလုပ်တော့သလို စစ်ကောင်စီက အတည်ပြုဖို့ကြိုးစားနေတဲ့ ဆိုက်ဘာဥပဒေကို ရှုတ်ချတဲ့အကြောင်း နိုင်ငံခြား ကုန်သည်ကြီးများအသင်းတွေ ပူးပေါင်း ကြေငြာချက်ထုတ်ရာမှာလည်း မပါ၀င်ခဲ့ပါဘူး။

စစ်တပ်က အာဏာသိမ်းမှုကို တရုတ်အစိုးရက ကျောထောက်နောက်ခံပြုတယ်ဆိုတဲ့ သတင်းတွေကြောင့် တရုတ်အစိုးရကို မြန်မာပြည်သူတွေက ၀ေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုမှာ တရုတ်နိုင်ငံက လာရောက်လုပ်ကိုင်နေတဲ့ စက်ရုံတစ်ချို့ မီးရှို့ခံခဲ့ရပါတယ်။ တရုတ်နိုင်ငံပိုင်သတင်းဌာနက စက်ရုံ ၃၈ ရုံ မီးရှို့ခံလိုက်ရတယ်လို့ ဖော်ပြပါတယ်။ ဘယ်သူက ဒီစက်ရုံတွေကို မီးရှို့တယ်ဆိုတာ အတိအကျ မသိရပါဘူး။

လတ်တလော ရပ်ဆိုင်းထားတဲ့ လုပ်ငန်းတွေက တရုတ်နိုင်ငံသားတွေကို ချက်ခြင်း မြန်မာနိုင်ငံနေ ထွက်ခွာဖို့ တရုတ်လုပ်ငန်းတွေကို တရုတ်အစိုးရက ညွှန်ကြားတဲ့စာတစ်စောင်လည်း ဒီအဖြစ်အပျက်နောက်ပိုင်းမှာ ပေါက်ကြားလာပါတယ်။

တရုတ်အစိုးရပိုင်သတင်းဌာန CGTN က မိမိတို့ရဲ့အကျိုးစီးပွား ထပ်ပြီး တိုက်ခိုက်ခံရတာကို တရုတ်နိုင်ငံက ခွင့်ပြုမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ မြန်မာအာဏာပိုင်တွေ မဖြေရှင်းနိုင်ပဲ၊ ဒီလိုကိစ္စတွေ ဆက်လက်ပြန့်နှံ့နေအုံးမယ်ဆိုရင် မိမိတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တရုတ်နိုင်ငံက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်ရနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

Ref: Nikkei Asia

Comments are closed.