ဧပြီ ၁၆၊ ၂၀၂၁
M-Media
-ကိုဗစ်ရောဂါ တတိယလှိုင်းကို ကြုံတွေ့နေရတာကြောင့် ဘန်ကောက်အပါအဝင် ပြည်နယ် ၁၇ ခုကို ထိုင်းနိုင်ငံက ဒီနေ့မှာ အနီရောင်ဇုန် ကြေငြာလိုက်ပါတယ်။
အနီရောင်ဇုန် ကြေငြာထားတဲ့ ဒေသတွေမှာ လှုပ်ရှားသွားလာမှုကန့်သတ်တာ၊ ဆိုင်တွေကို အချိန်အကန့်အသတ်နဲ့ ဖွင့်ခိုင်းတာ၊ ဖျော်ဖြေရေးလုပ်ငန်းတွေ ပိတ်ခိုင်းတာ စတဲ့ ကူးစက်မှုလျှော့ချရေး ဆောင်ရွက်ချက်တွေ လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။ အနီရောင်ဇုန်ကြေငြာခြင်းခံရတဲ့ ဒေသတွေထဲမှာ ချင်းမိုင်နဲ့ ဖူးကတ်တို့လည်း ပါဝင်ပါတယ်။
ဒီနေ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူ အရေအတွက် ၁၅၈၂ ဦး ရှိခဲ့ပြီး၊ ၁၅၇၇ ဦးက ပြည်တွင်းမှာ ကူးစက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလွန်ကူးစက်မြန်တဲ့ အသွင်ပြောင်းကိုဗစ်ပိုးကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကူးစက်မှု သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။
Ref: CNA
Comments