ဧပြီ ၂၁၊ ၂၀၂၁
M-Media
-မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေနဲ့ သီးခြား တွေ့ဆုံဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာဟာ မနက်ဖြန်မှာ ဂျကာတာကို သွားရောက်မယ်လို့ သိရပါတယ်။
အာဆီယံ အတွေးရေးမှူးရုံးရှိတဲ့ ဂျကာတာမှာ စနေနေ့ကျရင် အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံပြီး မြန်မာနိုင်ငံက ပြဿနာအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း လူကိုယ်တိုင် တက်ရောက်မယ်လို့ သတင်းထွက်နေပါတယ်။
ဘာဂီနာက ဒီ ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘဲ အာဆီယံအဖွဲ့ တာဝန်ရှိသူတွေနဲ့ သီးခြားစီ တွေ့ဆုံမှာဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဘရူးနိုင်းတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ကုလသမဂ္ဂက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဂျကတာကို လာဖို့ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဖို့ ဘာဂီနာက တောင်းဆိုထားတယ်လို့လည်း Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။
ဘာဂီနာဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး သက်ဆိုင်သူတွေနဲ့ ဆွေးနွေးဖို့အတွက် ပြီးခဲ့တဲ့ ၂ ပတ်ကတည်းက ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ စကားပြောခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
Ref : Reuters
Comments