ဧပြီ ၂၉၊ ၂၀၂၁
M-Media
-ရှီကျင့်ဖျင်ဟာ ၂၁ ရာစုမှာ ကမ္ဘာကို လွှမ်းမိုးနိုင်ဖို့ ‘အခိုင်အမာ ဆုံးဖြတ်ထားပြီး’ တရုတ်ရဲ့ခြိမ်းခြောက်မှုကို သတိထားရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးလိုက်ပါတယ်။
ဘိုင်ဒန်ဟာ ဒီကနေ့ လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံရေးသမားတွေ စည်းလုံညီညွတ်ဖို့ တိုက်တွန်းခဲ့သလို ရှေ့ဆက် သူလုပ်ဆောင်မယ့် အစီအစဉ်တွေကိုလည်း ချပြခဲ့ပါတယ်။
၂၁ ရာစုမှာ အခြားသူတွေနဲ့ ယှဉ်ပြိုင်ရမယ့်အစား အချင်းချင်း ပြိုင်နေရင်းနဲ့ အချိန်မဖြုန်းသင့်ဘူးလို့ ဘိုင်ဒန်က ပြောခဲ့ပါတယ်။
“ကျွန်တော် ရှီကျင့်ဖျင်နဲ့ တော်တော်အချိန်ကုန်ခဲ့ဖူးတယ်။ သူနဲ့ သီးသန်းဆွေးနွေးမှု ၂၄ နာရီလောက် လုပ်ဖူးပါတယ်။ ကျွန်တော်သမ္မတဖြစ်တာကို ဂုဏ်ယူကြောင်း ဖုန်းဆက်ပြောတဲ့အချိန်က ၂ နာရီလောက် ကျွန်တော်တို့ စကားပြောခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်ဆုံး နိုင်ငံတစ်ခုဖြစ်လာရေး ဆောင်ရွက်ဖို့ သူက အခိုင်အမာ ဆုံးဖြတ်ထားပြီးသားပါ”
ရှီကျင့်ဖျင်နဲ့ အခြားအာဏာရှင်တွေက ၂၁ ရာစုမှာ ဒီမိုကရေစီဟာ အာဏာရှင်စနစ်ကို မယှဉ်နိုင်တော့ဘူးလို့ ထင်နေကြကြောင်း ဘိုင်ဒန်က လွှတ်တော်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
“ဒီမိုကရေစီဟာ သဘောတူညီမှုရဖို့ သိပ်ကြတယ်ပေါ့ဗျာ။ အနာဂတ် ဒီအားပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် ကျွန်တော်တို့ရဲ့ မိသားစုတွေ၊ ကလေးငယ်တွေမှာ မျိုးဆက်တစ်ခု တစ်ကြိမ်ကောင်းဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုတယ်လို့ ကျွန်တော် မြင်ပါတယ်”
Ref: Reuters
Comments