မေ ၇၊ ၂၀၂၁
M-Media
-ဥပဒေအရေ ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံခြားသားတွေကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ရှောင်တခင် စစ်ဆေးတာမျိုး လုပ်ခွင့်မရှိဘူးလို့ မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ အက်ရဲလ် စာနီ အဘ်ဒူလာ စာနီက ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့က ရဲချုပ်ဖြစ်လာတဲ့ အဘ်ဒူလာ စာနီဟာ ဒီကနေ့မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာပါ။
အာဏာအလွဲသုံးစားလုပ်ကာ နိုင်ငံခြားသားတွေအပေါ် အနိုင်ကျင့်တဲ့ ရဲတစ်ချို့ ရှိခဲ့ပြီး ဒါတွေကို တားဆီးသွားမယ်လို့ သူက ဆိုပါတယ်။
“ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ နိုင်ငံခြားသားတွေကို ရှောင်တခင်စစ်ဆေးတဲ့ လုပ်ရပ်မျိုးကို ချက်ခြင်း ရပ်တန့်ဖို့ ကျွန်တော် အမိန့်ညွှန်ကြားချက် ထုတ်သွားမှာပါ။ လ၀ကက တုံးထုထားတဲ့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် စာရွက်စာတမ်းက အတုလား၊ အစစ်လား စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတား၊ ရမန်နှစ်ပတ် ချုပ်ရက်ယူတာမျိုးကို ရဲတွေက သူတို့ သဘောနဲ့သူတို့ လုပ်ခွင့် မရှိပါဘူး”
ဒီအမူအကျင့်တွေဟာ ရဲတွေ အာဏာအလွဲသုံးစားလုပ်လို့ရတဲ့ ကိစ္စတွေထဲက တစ်ခုဖြစ်တယ်လို့လည်း မလေးရှားရဲချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
မလေးရှားရဲတပ်ဖွဲ့ကို ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်တဲ့ အဖွဲ့မျိုး၊ လူထုကို ဝန်ဆောင်မှုပေးတဲ့အဖွဲ့မျိုး ဖြစ်အောင် အာရုံစိုက် လုပ်ဆောင်သွားမယ်လို့လည်း အဘ်ဒူလာ စာနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref : CNA
Comments