ဇွန် ၃၊ ၂၀၂၁
M-Media
-နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ဥက္ကဌ ပီတာမောင်ရာနဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက အကြီးအကဲတို့ ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
တွေ့ဆုံမှုအတွင်း အကျဉ်းထောင်တွေကို အရင်ကအတိုင်း ပြန်လည်ဝင်ရောက်လေ့လာခွင့်ပေးဖို့နဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်ခွင့်ပေးဖို့ ပီတာမောင်ရာက တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီအကြီးအကဲက ဒီတောင်းဆိုမှုအတွက် ဘာကတိကဝတ်မှ မပေးခဲ့သလို ငြင်းဆိုမှုလည်း မပြုခဲ့ဘူးလို့ ဒီကိစ္စနဲ့နီးစပ်သူတွေက Nikkie Asia သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“အရပ်သားတွေအပေါ်အကြမ်းဖက်တာကို ရပ်တန့်ဖို့၊ စစ်ကောင်စီတပ်တွေ လုံခြုံရေးကိစ္စ ဆောင်ရွက်ရာမှာ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ညှာတာထောက်ထားဖို့ မောင်ရာက တောင်းဆိုခဲ့ပါတယ်”
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူပေါင်း ၈၄၀ ကျော် သေဆုံးခဲ့ပြီး ထောင်ချီဒဏ်ရာရကာ၊ ဖမ်းဆီးခံထားရသူတွေလည်း ထောင်ချီရှိနေပါတယ်။
Ref: The Reuters
Comments