ဇွန် ၁၀၊ ၂၀၂၁
M-Media

-အခုနှစ်ကနေ လာမယ့်နှစ်ကုန်အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကို ကိုဗစ်ကာကွယ်ဆေးအလုံးရေ သန်း ၅၀၀ ထောက်ပံ့ပေးအပ်သွားဖို့ အမေရိကန်က စီစဉ်နပါတယ်။
ဒီအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေရဖို့ သမ္မတဘိုင်ဒန်အစိုးရဟာ ပြည်တွင်း ကာကွယ်ဆေးကုမ္ပဏီတွေနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး မနက်ဖြန် လန်ဒန်မှာပြုလုပ်မယ့် G7 ထိပ်သီးအစည်းအဝေးမှာ တရားဝင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။
အမေရိကန်ဟာ Pfizer and BioNTech ကုမ္ပဏီကနေ အခုနှစ်အတွင်း ကာကွယ်ဆေးအလုံးရေ သန်း ၂၀၀၊ လာမယ့်နှစ်မှာ သန်း ၃၀၀ အရင်းစျေးနဲ့ မှာယူထားတာ ဖြစ်ပါတယ်။
G7 အဖွဲ့အပါအဝင် ချမ်းသာတဲ့နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ပေးဖို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၁၀၀ က ပြီးခဲ့တဲ့တစ်ပတ်မှာ စာထုတ်တောင်းဆိုပြီးနောက်ပိုင်း အမေရိကန်ရဲ့ ဒီအစီအစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေး ၁၁ ဘီလီယံလောက် လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref: Aljazeera
Comments