ဇွန် ၁၃၊ ၂၀၂၁
M-Media
-အခုနှစ် ဟဂျ်ဘုရားဖူးကာလမှာ နိုင်ငံအတွင်းက ကိုဗစ်ကာကွယ်ဆေးထိုးထားသူ ၆ သောင်းကိုသာ ဟဂျ်ပြုခွင့်ပေးသွားမယ်လို့ ဆော်ဒီအာရေဗျအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ ၆ သောင်းမှာ ဆော်ဒီနိုင်ငံသားတွေ၊ ဆော်ဒီမှာနေထိုင်နေတဲ့ နိုင်ငံခြားသားတွေ ပါဝင်မှာပါ။ ဒါပေမယ့် နိုင်ငံခြားတိုင်းပြည်တွေက လာရောက်ပြီး ဟဂျ်ပြုခွင့်ကိုတော့ ၂ နှစ်ဆက်အဖြစ် ဆက်လက် ပိတ်ပင်ထားပါတယ်။
ပုံမှန်အချိန် ဟဂျ်ဘုရားဖူးကာလမှာ ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာသာဝင်သန်းချီ လာရောက် ဟဂျ်ပြုကြပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် မနှစ်က ဟဂျ်ကာလမှာ နိုင်ငံအတွင်းက လူ တစ်သောင်းကိုသာ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆော်ဒီအာဏာပိုင်တွေက ဟဂျ်ပြုခွင့်ပေးခဲ့ပါတယ်။
အခုနှစ် ဟဂျ်ကာလဟာ လာမယ့်ဇူလိုင်လမှာ ကျရောက်မှာ ဖြစ်ပါတယ်။
ဟဂျ်ပြုခွင့်ကို ဇွန်လ ၁၃ ရက်နေ့ကစတင်ပြီး အွန်လိုင်းကနေ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဟဂျ်ပြုမယ့်သူဟာ အသက် ၁၈ နှစ်ကနေ ၆၅ နှစ်အတွင်းရှိကာ နာတာရှည်ရောဂါ မရှိဘဲ၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားသူ၊ ဒါမှမဟုတ် ၁ ကြိမ်ထိုးထားပြီး ၁၄ ရက်ရှိနေသူ၊ ကိုဗစ်ကူးစက်ပြီး ပြန်ကောင်းထားသူ ဖြစ်ရမှာ ဖြစ်ပါတယ်။
ဆော်ဒီ ဟဂျ်နှင့် အွမ္မရာဟ်ရေးရာဝန်ကြီးဌာနက ဘုရားဖူးတွေရဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရေးနဲ့ လုံခြုံရေးတွေကို အထူးဦးစားပေးပြီး စီစဉ်ကြပ်မတ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: Arab News
Comments