ဇွန် ၂၃၊ ၂၀၂၁
M-Media
-ပြည်နယ် ၃ ခုမှာ တွေ့လာရတဲ့ ပုံပြောင်း ကိုဗစ်ဗိုင်းရပ်စ်အသစ် Delta plus ဟာ စိုးရိမ်စရာဖြစ်ပြီး သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ အိန္ဒိယနိုင်ငံက ထုတ်ပြန်ပါတယ်။
အိန္ဒိယမှာ လက်ရှိ ဒီပုံပြောင်းကိုဗစ် ကူးစက်ထားသူ အနည်းဆုံး ၂ ဒါဇင်လောက် ရှိနေတာ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရ ကျန်းမာရေးဝန်ကြီး ရာဂျစ် ဘူရှန်က Delta plus ဟာ ကူးစက်မှုနှုန်း ပိုမြင့်ပြီး စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ပြည်နယ်တွေကို အကြံပြုခဲ့ပါတယ်။
ပုံပြောင်းကိုဗစ်ကြောင့် အိန္ဒိယဟာ ဧပြီလနဲ့ မေလမှာ ဒုတိယလှိုင်းကို အကြီးအကျယ်ခံစားခဲ့ရပြီး လူ သိန်းချီသေဆုံးကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ပြိုလဲလုနီးနီး ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးမှု အရှိန်မြှင့်ဆောင်ရွက်နေပြီး တနင်္လာနေ့က တစ်ရက်အတွင်း စုစုပေါင်း လူ ဦးရေ ၈.၆ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။
အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၃၀.၀၃ သန်းရှိပြီး သေဆုံးသူကတော့ ၄ သိန်းနီးပါး ရှိလာပြီဖြစ်ပါတယ်။
Ref: Reuters
Comments