ဇွန် ၂၆၊ ၂၀၂၁
M-Media
-ရေကြောင်းဆိုင်ရာ မဟာဗျူဟာကျတဲ့ ဘာတမ်မြို့မှာ အမေရိကန်နဲ့ ပူးတွဲတည်ဆောက်မယ့် ရေကြောင်းလေ့ကျင်ရေးစင်တာကို အင်ဒိုနီးရှားက မနေ့မှာ အုတ်မြစ်ချခဲ့ပါတယ်။
ဒီအခမ်းအနားကို အင်ဒိုနီးရှားဆိုင်ရာ အမေရိကန်သံအမတ် ဆွန်ကင်က အွန်လိုင်းကနေ တက်ရောက်ခဲ့ပြီးင် ဒီစင်တာဟာ ဒေသတွင်း လုံခြုံရေးတိုးမြှင့်ဖို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ပြည်တွင်းနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းမှုမှာ အင်ဒိုနီးရှားရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ဆက်လက် ပံ့ပိုးကူညီပေးဖို့အတွက် မိတ်ဆွေသူငယ်ချင်းဖြစ်တဲ့ အမေရိကန်က စိတ်ပိုင်းဖြတ်ထားပါတယ်”
အခုတည်ဆောက်မယ့် ကန်ဒေါ်လာ ၃.၅ သန်းတန် သင်တန်းကျောင်းဟာ မလာကာရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ဆုံရာ မဟာဗျူဟာကျတဲ့ဒေသမှာ တည်ရှိတာဖြစ်ပါတယ်။
သင်တန်းကျောင်းကို အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေးဌာန Bakamla က စီမံအုပ်ချုပ်မှာဖြစ်ပြီး ဘော်ဒါဆောင်ပါ စာသင်ကျောင်း၊ စစ်စခန်းနဲ့ ရဟတ်ယာဉ်ဆင်းဖို့နေရာတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အာဆီယံနိုင်ငံတွေ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အငြင်းပွားမှု မြင့်တက်နေတဲ့အချိန် အခုလို သင်တန်းကျောင်းတည်ဆောက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Ref: Reuters
Comments