ဇူလိုင် ၁၄၊ ၂၀၂၁
M-Media
-ကိုဗစ်ကပ်ကူးစက်မှုနဲ့ သေဆုံးမှု မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံသားတွေ၊ လတ်တလော မြန်မာနိုင်ငံကို သွားရောက်ထားသူတွေအားလုံးကို ဇူလိုင် ၁၆ ရက်နေ့ကစပြီး ပြည်ဝင်ခွင့်ပိတ်မယ်လို့ စင်ကာပူက ကြေငြာပါတယ်။
စင်ကာပူမှာ ကာလရှည်ဗီဇာနဲ့ နေထိုင်သူတွေ၊ ကာလတိုဗီဇာနဲ့ လာရောက်လည်ပတ်သူတွေ၊ ဒီမတိုင်ခင်က စင်ကာပူဝင်ရောက်ခွင့် ဗီဇာရထားသူတွေ၊ လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း မြန်မာနိုင်ငံကိုသွားထားသူတွေ၊ ဒါမှမဟုတ် မြန်မာနိုင်ငံမှာ ခရီးတစ်ထောက်နားဖူးသူ ခရီးသွားတွေအားလုံး ဒီပိတ်ပင်မှုမှာ အကျုံးဝင်မှာဖြစ်ပါတယ်။
ဒီလူတွေဟာ စင်ကာပူကို ဝင်ရောက်ခွင့်ရမှာမဟုတ်သလို၊ ခရီးတစ်ထောက်နားခွင့်လည်း ရမှာမဟုတ်ပါဘူး။
“ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်တိုးတက်မှုတွေအရ အန္တရာရှိနိုင်ချေ၊ လူထုအပေါ် ကူးစက်နိုင်ချေတို့ကိုလိုက်ပြီး နယ်စပ်ရေးရာကိစ္စတွေကို ဆက်လက် ချိန်ဆစီမံသွားမှာဖြစ်ကာ ပြောင်းလဲမှုတွေကို SafeTravel ဝဘ်ဆိုက်တွင်မှာ တင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံကို သွားခဲ့ဖူးတဲ့ ခရီးသွားတွေကို ရောက်ရောက်ချင်းမှာ ကိုဗစ်စစ်ဆေးမှာဖြစ်ပြီး၊ ဗီဇာပိတ်မှုမတိုင်ခင် ရောက်လာတဲ့သူတွေလည်း နေအိမ်မှာ ၁၄ ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။
ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်နဲ့ပတ်သက်တာတွေကို ဆက်လက်သုံးသပ်သွားမှာဖြစ်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အခါအားလျော်စွာ လုပ်ဆောင်သွားမယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: CNA
Comments