ဇူလိုင် ၁၇၊ ၂၀၂၁
M-Media
-၅ ရက်တာကြာမြင့်မယ့် ဟဂျ်ဘုရားဖူးကာလကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ စတင်နေပြီ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် အခုနှစ် ဟဂျ်အတွက် နိုင်ငံအတွင်းနေထိုင်ပြီး ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံသား၊ နိုင်ငံခြားသား ၆ သောင်းကိုသာ ဆော်ဒီက ဟဂျ်ပြုခွင့်ပေးပါတယ်။
ဟဂျ်ကျင့်စဉ်ဟာ အစ္စလာမ်ဘာသာရဲ့ မဏ္ဏိုင် ၅ ခုထဲက တစ်ခုဖြစ်ပြီး ငွေကြေးတတ်နိုင်ကာ ကျန်းမာရေးကောင်းတဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာတစ်ကြိမ် ဟဂျ်ဘုရားဖူးသွားဖို့ တာဝန်ရှိပါတယ်။
ကပ်ရောဂါကာလမတိုင်ခင်က ကမ္ဘာတစ်ဝှမ်း ဟဂျ်ပြုဖို့လာရောက်သူအရေအတွက်ဟာ တစ်နှစ်ကို ၂ သန်းခွဲလောက်ရှိတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် လူ ၁ သောင်းကိုသာ ဆော်ဒီက ဟဂျ်ပြုခွင့်ပေးခဲ့ပါတယ်။
“အခုနှစ် ဟဂျ်ပြုခွင့်ရသူ အနည်းငယ်ထဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ခံစားရပြီး ကျေလည်းကျေနပ်ပါတယ်” လို့ ဟဂျ်ပြုခွင့်ရသူ အမီနာက ပြောပါတယ်။
ဟဂျ်ပြုခွင့်ရသူ ၆ သောင်းထဲမှာ ပါဝင်ဖို့နိုင်ဖို့အတွက် အွန်လိုင်းကနေ လူသိန်းချီ လျှောက်ထားခဲ့ကြပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဟဂျ်မပြုဖူးသူတွေ၊ အသက် ၅၀ ကျော်သွားပေမယ့် အရင်က ဟဂျ်ဘုရားဖူး တစ်ခါမှ မလာရောကဖူးသူတွေကို ဦးစားပေးရွေးချယ်ခဲ့တာလို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။
ဟဂျ်ပြုခွင့်ရသူတွေဟာ ဘုရားဖူးကာလတစ်လျှောက်လုံး တင်းကြပ်တဲ့ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments