ဇူလိုင် ၁၈၊ ၂၀၂၁
M-Media
-ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် ထိုင်းနိုင်ငံမှာ အိမ်ပြင်မထွက်ရ ကန့်သတ်ချက်ကို နောက်ထပ် ပြည်နယ် ၃ ခုမှာပါ ထပ်တိုးကြေငြာလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ဧပြီလနောက်ပိုင်း အဆိုးဝါးဆုံး ကိုဗစ်ပြန့်နှံ့မှုကို ကြုံတွေ့လာရပြီး ပြီးခဲ့တဲ့ ၃ ရက်မှာ ကူးစက်၊ သေဆုံးမှု စံချိန်တင်ခဲ့ပါတယ်။
အိမ်ပြင်မထွက်ရအမိန့်နဲ့ ည ၉ နာရီကနေ မနက် ၄ နာရီအထိ ကာဖျူးအမိန့်တွေကို ချောင်ဘူရီ၊ အယုဒ္ဓယနဲ့ ချာချိုအန်ဆောင် ပြည်နယ်တွေမှာပါ တပ်တိုးကြေငြာလိုက်ပြီး အင်္ဂါနေ့က စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ ပြည်နယ်အထွက် လမ်းကြောင်းတွေမှာ စစ်ဆေးရေးဂိတ်တွေထားရှိကာ စောင့်ကြည့်သွားမှာပါ။
ဘန်ကောက်နဲ့ အခြား ပြည်နယ် ၉ ခုမှာ အိမ်ပြင်အထွက်ရအမိန့်ကို ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက ကြေငြာခဲ့ပြီး ဒါဟာ တစ်နှစ်ကျော်အတွင်း အပြင်းထန်ဆုံး ကန့်သတ်ချက် ဖြစ်ပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သေဆုံးမှု မြင့်တက်နေတာဟာ ပုံပြောင်း Alpha နဲ့ Delta ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။ ကျန်မာရေးစောင့်ရှောက်မှု အခက်အခဲနဲ့ စီးပွားရေးကြပ်တည်းမှုကိုလည်း ထိုင်းနိုင်ငံက ကြုံတွေ့နေရပါတယ်။
ထိုင်းနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံမှု လုပ်ဆောင်နေပြီး တိုင်းပြည်လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကို ထိုးထားပြီဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
Ref: Aljazeera
Comments