ဇူလိုင် ၁၈၊ ၂၀၂၁
M-Media

-၂၀၃၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အီတလီနဲ့ ပူးတွဲကျင်းပခွင့်ရရေး ကြိုးပမ်းဖို့ ဆော်ဒီအာရေဗျက စဉ်စားနေတယ်လို့ ဗြိတိသျှ အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic က ဖော်ပြပါတယ်။
ဘဏ္ဍာရေးဝန်ထုတ်ဝန်ပိုး ကြီးမားတာမျိုးကို ရှောင်ရှားဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်နိုင်ငံထဲမှာ ကျင်းပဖို့အစား နိုင်ငံတွေ ပူးတွဲကျင်းပဖို့ အားပေးလာတာပါ။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ ပူးတွဲကျင်းပမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားက စတင်ပြီး ဒီစနစ်ကို ကျင့်သုံးမှာဖြစ်ပါတယ်။ အသင်းရေကိုလည်း ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးချဲ့ပြီး ပွဲပေါင်း ၈၀ ကစားမှာ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ဆော်ဒီက ၂၀၃၀ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေး ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေကို ပြီးခဲ့တဲ့နှစ် မေလတုန်းကလည်း ဗြိတိသျှမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
Ref: Arab News
Comments