ဩဂုတ် ၄၊ ၂၀၂၁
M-Media
-နောက်ဆုံးပေါ်ထွက်လာတဲ့ ပုံပြောင်းကိုဗစ် Delta Plus ကူးစက်မှုနှစ်ခု တွေ့ရှိရတယ်လို့ တောင်ကိုရီးယား ကူးစက်ရောဂါ ကာကွယ်တားဆီးရေး အေဂျင်စီက မနေ့ကမှာ ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားဟာ ကိုဗစ် စတုတ္ထလှိုင်းဒဏ်ကို ခံစားနေရတာပါ။ Delta Plus ကတော့ ကမ္ဘာတစ်ဝှမ်း အလွန်အမင်း ကူးစက်ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် Delta ရဲ့ ပထမဆုံး မျိုးကွဲဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်၊ ပေါ်တူဂီ၊ အိန္ဒိယအပါအဝင် Delta Plus ကူးစက်မှုတွေ့ရတဲ့နိုင်ငံ အနည်းငယ်သာ ရှိပါသေးတယ်။
တောင်ကိုရီးယား ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အသက် ၄၀ အရွယ်အမျိုးသာမှာ Delta Plus ကို စတွေ့ခဲ့ရပြီး သူနဲ့ ထိတွေ့သူ ၂၈၀ လောက်ရှိရာမှာ သားဖြစ်သူတစ်ဦးသာ ကူးစက်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ ဘာ့ကြောင့် ဒီလိုကူးစက်ရလဲဆိုတာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။
နောက်ထပ် ကူးစက်သူကတော့ အမေရိကန်ကနေ ပြန်လာတဲ့ ခရီးသွားတစ်ဦး ဖြစ်ပါတယ်။ သူဟာ AstraZeneca ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသားပါ။
ကျွမ်းကျင်သူတွေက လက်ရှိ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ် Delta ကို ထိထိရောက်ရောက် ကာကွယ်နိုင်ပေမယ့် အဲဒီကနေတစ်ဆင့် ပွားလာမယ့် နောက်ထပ် ပုံပြောင်းဗိုင်းရပ်စ်တွေအပေါ် သက်ရောက်မှုရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
Ref: CNA
Comments