ဩဂုတ် ၁၂၊ ၂၀၂၁
M-Media
-အိန္ဒိယမှာ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အခုတစ်ပတ်အစောပိုင်းက စတင်ကာ တစ်ကျော့ပြန် ဖြစ်ပွားလာပြီး၊ အာဏာရပါတီက ခေါင်းဆောင်တစ်ဦးအပါအဝင် လူ ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။
အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ (BJP) ခေါင်းဆောင်ဟောင်းနဲ့ တရားရုံးချုပ်ရှေ့နေ တစ်ဦးတို့ ပူးပေါင်းပြီး ကိုလိုနီခေတ်ဥပဒေတွေ ဖျက်သိမ်းရေး တောင်းဆိုရာကနေ မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒေလီက ဆန္ဒပြမှုတွေ ဖြစ်ပွားလေ့ရှိတဲ့ Jantar Mantar နေရာမှာ တနင်္ဂနွေနေ့က လူ ၁၀၀ ကျော်လောက် စုရုံးကာ မွတ်စလင်တွေကို အကြမ်းဖက်သတ်ဖြတ်ဖို့အထိ တောင်းဆိုခဲ့ကြပါတယ်။ ဟိန္ဒူဘာသာကိုမပြောင်းရင် မွတ်စလင်တွေကို သတ်ပစ်ရမယ်၊ အိန္ဒိယမှာ ဆက်နေချင်ရင် မွတ်စလင်တွေ ဟိန္ဒူဘာသာ ပြောင်းကိုပြောင်းရမယ် စတဲ့ ကြွေးကျော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။
ဦးဆောင်သူ တရားရုံးချုပ် ရှေ့နေနဲ့ အခြား လူ ၄ ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးခဲ့ပြီး၊ အင်္ဂါနေ့မှာတော့ ၆ ယောက်မြောက်လူကို ဖမ်းဆီးခဲ့တယ်လို့ ဒေလီရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အိန္ဒိယရဲ့မြို့တော် ဒေလီမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံး မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး မွတ်စလင်အများစုအပါအဝင် အနည်းဆုံး ၅၃ ဦး အသတ်ခံခဲ့ရပါတယ်။
Ref: Aljazeera
Comments