အောက်တိုဘာ ၁၆၊ ၂၀၂၁
M-Media

-အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒီကနေ့မနက် အစောပိုင်းက အင်အားအသင့်အတင်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ငလျင်ပြင်းအားဟာ ၄.၈ မဂ္ဂနီကျု ရှိခဲ့ပြီး၊ ၄.၃ မဂ္ဂနီကျုရှိတဲ့ နောက်ဆက်တွဲငလျင်တွေလည်း လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ကြောင့် မြေပြိုတာ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးတာတွေလည်း ရှိခဲ့ပါတယ်။ ကိုဗစ်အလွန် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်နိုင်ဖို့အတွက် ဘာလီကျွန်းကို ကြဲာသာပတေးနေ့ကမှ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိပြီး လတ်တလောကာလ အကြီးမားဆုံးငလျင်ဟာ အခုနှစ် ဇန်နဝါရီလမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၂ မဂ္ဂနီကျုရှိတဲ့ ငလျင် ဖြစ်ပါတယ်။ အဲဒီငလျင်ကြောင့် အည်းဆုံး လူပေါင်း ၁၀၅ ဦး သေဆုံးခဲ့ပြီး ၆၅၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
Ref: Aljazeera
Comments