ဇန်နဝါရီ ၉၊ ၂၀၂၂
M-Media
-အိန္ဒိယနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်မှု မြင့်တက်လာပြီး ကိုဗစ် တတိယလှိုင်းကို ကြုံလာရတာကြောင့် လူများတဲ့ မြို့တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်တာလို ကန့်သတ်တင်းကြပ်မှုအသစ်တွေ လုပ်ဆောင်လာပါတယ်။
တစ်ချို့ပြည်နယ်တွေမှာ ရုပ်ရှင်ရုံတွေ၊ ကျောင်းတွေ ပြန်ပိတ်ခဲ့သလို လူစုလူဝေးလုပ်နိုင်တဲ့ ပမာဏကိုလည်း လျှော့ချခဲ့ပါတယ်။ မြို့တော် နယူးဒေလီ၊ တမီလ်နာဒူးပြည်နယ်မြို့တော် ချန်နိုင်း၊ ကာနာတာကာပြည်နယ်မြို့တော် ဘန်ဂလောရ်တို့အပါအဝင် ပြည်နယ်မြို့တော်တွေမှာ အာဏာပိုင်တွေက ပိတ်ရက် ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
စနေနေ့က အိန္ဒိယမှာ ကိုဗစ်ကူးစက်မှုဟာ ၁ သိန်း ၄ သောင်းကျော်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလနောက်ပိုင်း အများဆုံးပါ။ သေဆုံးမှုကလည်း ၂၈၅ ဦး ရှိပါတယ်။
ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေ အိုမီခရွန်ကြောင့် ဖြစ်လာတဲ့ အခုတတိယလှိုင်းမှာ သေဆုံးမှု နည်းပေမယ့် ကူးစက်မှု အလွန်များတာကြောင့် အရင်ကတည်းက အားနည်းခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမို ထိခိုက်စေလိမ့်မယ်လို့ သတိပေးထားပါတယ်။
ပြည်နယ်ရွေးကောက်ပွဲတွေ ရှိတာကြောင့် အိန္ဒိယနိုင်ငံရေးသမားတွေဟာ မဲဆွယ်ပွဲပြုလုပ်ဖို့ စီစဉ်နေပြီး ကိုဗစ်ကူးစက်မှု ပိုမိုမြင့်တက်လာမှာကိုလည်း ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် Delta မျိုးကွဲ အကြီးအကျယ်ကူးစက်ခဲ့တဲ့ အကြောင်းအရင်းတွေထဲမှာ အာဏာရ BJP ပါတီရဲ့ မဲဆွယ်ပွဲတွေ၊ လူ သိန်းချီတက်ရောက်တဲ့ ဘာသာရေးအခမ်းအနားတွေက အဓိကကျခဲ့ပါတယ်။
Ref: Aljazeera
Comments